Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီခန့် သံတမန်နှစ်ဦးကို ဂျပန်အစိုးရက ဗီဇာထုတ်မပေး

တိုကျိုရှိ မြန်မာသံရုံးက သံတမန်နှစ်ဦးဟာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အလုပ်ထုတ်ခံခဲ့ရပြီး သူတို့နှစ်ဦးနေရာကို အစားထိုးခန့်အပ်သူနှစ်ဦးအတွက် ဂျပန်အစိုးရက သံတမန်ဗီဇာထုတ်မပေးသေးတာပါ။

People's Spring
People's Spring

ဂျပန်အစိုးရဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်တဲ့ သံတမန်နှစ်ဦးကို ဗီဇာထုတ်မပေးသေးဘူးလို့ အစိုးရရင်းမြစ်တွေကို ကိုးကားပြီး The Mainichi သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

တိုကျိုရှိ မြန်မာသံရုံးက သံတမန်နှစ်ဦးဟာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အလုပ်ထုတ်ခံခဲ့ရပြီး သူတို့နှစ်ဦးနေရာကို အစားထိုးခန့်အပ်သူနှစ်ဦးအတွက် ဂျပန်အစိုးရက သံတမန်ဗီဇာထုတ်မပေးသေးတာပါ။

စစ်ကောင်စီက အစားထိုးခန့်အပ်သူနှစ်ဦးကို လက်ခံလိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ရွေးကောက်ခံအရပ်သား အစိုးရကို ဖယ်ရှားအာဏာသိမ်းမှုကို ဂျပန်အစိုးရက အသိအမှတ်ပြုလက်ခံလိုက်သလိုဖြစ်သွားမှာပါ။

ဒါပေမဲ့ ဂျပန်ဟာ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံရဲ့ တရား ဝင်အစိုးရတစ်ရပ်အနေနဲ့လည်း အသိ အမှတ်ပြုထားခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

အကြမ်းဖက်မြန်မာစစ်တပ်က အစားထိုးသူနှစ်ဦးအတွက် သံတမန်ဗီဇာတောင်းခံထားပေမယ့် တောင်းခံမှုကို စဉ်းစားချင့်ချိန်နေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဗီဇာထုတ်ပေးမယ့်လုပ်ငန်း စဉ်ကို စတင်ခြင်းမရှိသေးပါဘူးလို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တစ်ဖက်မှာတော့ ဂျပန်အစိုးရဟာ အကြမ်းဖက်စစ်ကောင်စီက အလုပ်ထုတ်ထားတဲ့ သံတမန်နှစ်ဦးကို သံတမန်ဗီဇာနဲ့ ဆက်လက်အသိအမှတ်ပြုလက်ခံထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြန်မာ အသင်းဂိုးသမားကို ပြည့်လျှံအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဂျပန်အစိုးရက ထုတ်ပေးတဲ့ ခိုလှုံခွင့်အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပါတယ်။

ကိုးကား – The Mainichi

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။