Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီခန့် သံတမန်နှစ်ဦးကို ဂျပန်အစိုးရက ဗီဇာထုတ်မပေး

တိုကျိုရှိ မြန်မာသံရုံးက သံတမန်နှစ်ဦးဟာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အလုပ်ထုတ်ခံခဲ့ရပြီး သူတို့နှစ်ဦးနေရာကို အစားထိုးခန့်အပ်သူနှစ်ဦးအတွက် ဂျပန်အစိုးရက သံတမန်ဗီဇာထုတ်မပေးသေးတာပါ။

People's Spring
People's Spring

ဂျပန်အစိုးရဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်တဲ့ သံတမန်နှစ်ဦးကို ဗီဇာထုတ်မပေးသေးဘူးလို့ အစိုးရရင်းမြစ်တွေကို ကိုးကားပြီး The Mainichi သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

တိုကျိုရှိ မြန်မာသံရုံးက သံတမန်နှစ်ဦးဟာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အလုပ်ထုတ်ခံခဲ့ရပြီး သူတို့နှစ်ဦးနေရာကို အစားထိုးခန့်အပ်သူနှစ်ဦးအတွက် ဂျပန်အစိုးရက သံတမန်ဗီဇာထုတ်မပေးသေးတာပါ။

စစ်ကောင်စီက အစားထိုးခန့်အပ်သူနှစ်ဦးကို လက်ခံလိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ရွေးကောက်ခံအရပ်သား အစိုးရကို ဖယ်ရှားအာဏာသိမ်းမှုကို ဂျပန်အစိုးရက အသိအမှတ်ပြုလက်ခံလိုက်သလိုဖြစ်သွားမှာပါ။

ဒါပေမဲ့ ဂျပန်ဟာ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံရဲ့ တရား ဝင်အစိုးရတစ်ရပ်အနေနဲ့လည်း အသိ အမှတ်ပြုထားခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

အကြမ်းဖက်မြန်မာစစ်တပ်က အစားထိုးသူနှစ်ဦးအတွက် သံတမန်ဗီဇာတောင်းခံထားပေမယ့် တောင်းခံမှုကို စဉ်းစားချင့်ချိန်နေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဗီဇာထုတ်ပေးမယ့်လုပ်ငန်း စဉ်ကို စတင်ခြင်းမရှိသေးပါဘူးလို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တစ်ဖက်မှာတော့ ဂျပန်အစိုးရဟာ အကြမ်းဖက်စစ်ကောင်စီက အလုပ်ထုတ်ထားတဲ့ သံတမန်နှစ်ဦးကို သံတမန်ဗီဇာနဲ့ ဆက်လက်အသိအမှတ်ပြုလက်ခံထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြန်မာ အသင်းဂိုးသမားကို ပြည့်လျှံအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဂျပန်အစိုးရက ထုတ်ပေးတဲ့ ခိုလှုံခွင့်အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပါတယ်။

ကိုးကား – The Mainichi

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။