Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင်သုံးဦးကို PDF ထပ်မံဖမ်းဆီး

“ဓားပြတွေကို PDF တွေက ဖမ်းဆီးတယ်။ CDM ရဲတွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ လိုအပ်တာတွေ ဆက်စစ်ဆေးသွားမယ်”ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(People's Defense Force - Tamu တပ်ရင်း - ၁မှ ရဲဘော်များအား တွေ့ရစဥ်)
(People's Defense Force - Tamu တပ်ရင်း - ၁မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိထားသည့် ဓားပြတစ်ဦး၏ ဖော်ထုတ်မှုအရ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း People’s Defense Force – Tamu တပ်ရင်း – ၁က ထုတ်ပြန်သည်။

တမူးမြို့တွင် ဂိုဏ်းဖွဲ့ဓားပြတိုက်လုယက်နေသည့် ဓားပြအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်က စက်တင်ဘာလ ၇ ရက်တွင် ဖမ်းမိခဲ့သည်။ ယင်းဓားပြ၏ ထုတ်ဖော်ဝန်ခံချက်အရ ဓားပြဂိုဏ်းခေါင်းဆောင်အပါအဝင် သုံးဦးကို ညီနောင်မဟာမိတ်အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ထပ်မံဖမ်းမိခဲ့သည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

“ဓားပြတွေကို PDF တွေက ဖမ်းဆီးတယ်။ CDM ရဲတွေနဲ့ဖွဲ့ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ လိုအပ်တာတွေ ဆက်စစ်ဆေးသွားမယ်”ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းမိထားသည့် ဓားပြလေးဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။ ၎င်းတို့ ထိန်းသိမ်းထားသည့် ကနဦးဖမ်းမိထားသည့် တစ်ဦးနှင့် ညီနောင်မဟာမိတ်အဖွဲ့အစည်းမှ ထိန်းသိမ်းထားသည့် သုံးဦးကို ​အသေးစိတ်စစ်ဆေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“နောက်နောင်တွင်လည်း လက်နက်အားကိုးဖြင့် ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက်နေသော မည့်သည့်အဖွဲ့အစည်းကိုမဆို ဖမ်းဆီးနှိမ်နင်း အရေးယူသွားမည်ဖြစ်ကြောင်း မိဘ​ပြည်သူများအား အသိပေးအပ်ပါသည်”ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က သတိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးမှုမရသေးသည့် တမူးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ပျူစောထီးများက နေရာယူထားသည်။ တမူးမြို့ပေါ် ရပ်ကွက်များတွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်နေသည်။ ပျူစောထီးအဖွဲ့ဝင်အချို့ပါဝင်သည့် ဓားပြအဖွဲ့ကို စက်တင်ဘာ ၅ရက်တွင် ဒေသခံများက ဖမ်းမိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။