Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် စစ်ကောင်စီက လူနေရပ်ကွက်အတွင်းလက်နက်ကြီးဖြင့်၍ ကိုရင်လေးတစ်ပါး ကျည်ထိမှန်

တမူးမြို့ စစ်တပ်ကုန်းမှ ပစ်သော လက်နက်ကြီးကျည်သည် အာရှလမ်းမကြီး ဘေး၊ (၅) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်)
(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီက လူနေရပ်ကွက်အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒဏ်ရာအပြင်းအထန်ရခဲ့သော ကိုရင်လေးတစ်ပါးကို ကလေးမြို့ဆေးရုံသို့ ပို့ဆောင်ကုသနေရ သည်။

တမူးမြို့တွင် ယမန်နေ့(သြဂုတ်လ ၁၅ရက်) ညနေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကိုရင်လေးတစ်ပါး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီက အလကားနေရင်း တပ်ထဲကနေ လက်နက်ကြီး သုံးချက်မြို့ပြင် ဖက်ကိုလှန်းထုတာ။တစ်လုံးက ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းထဲကျပြီး ကိုရင်လေးတစ်ပါး ထိသွားတယ်။ ပေါင်မှာ အရိုးအထိ ထိတာမို့ ကလေးမြို့မှာ ဆေးသွားကုရတယ်။ မသက်သာရင် မန္တလေးအထိ သွားရမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တမူးမြို့ စစ်တပ်ကုန်းမှ ပစ်သော လက်နက်ကြီးကျည်သည် အာရှလမ်းမကြီး ဘေး၊ (၅) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသော ကိုရင်လေးသည် အသက်(၁၀)နှစ်ခန့်သာရှိသေးသည်။ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့မှုအတွက် စစ်ကောင်စီက တာဝန်ယူခြင်းမရှိ ကြောင်း ဒေသခံများက ပြောသည်။

တမူးမြို့တွင် လတ်တလော၌ တပ်မ (၂၂)လက်အောက်ခံတပ်များ ရောက်ရှိ နေပြီး မြို့ထဲတွင် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။