Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်​ရောက်တပ်မ ၆၆ တပ်ရင်းမှူးများထဲမှ၁ဦး​​သေ၊ နှစ်ဦးဒဏ်ရာရ၊ ၁ ဦးတာဝန်မထမ်းလို​တော့၍ ဖွဲ့စည်းပုံပျက်သည်အထိအ​ခြေအ​နေဆိုး​နေဟုKAထုတ်ပြန်

လောက်ကိုင်တိုက်ပွဲ နှင့် ရခိုင် ပြည်နယ်တိုက်ပွဲ များတွင် နာမည်ကြီးခဲ့သည့် တပ်မ ၆၆ သည် ကရင်နီပြည်တွင် အခြေနေဆိုးနှင့်ကြုံခဲ့ရကြောင်း KA က ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီ​ဒေသကာကွယ်​ရေးတပ်များသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊စစ်သုံ့ပန်းများ၊CDMစစ်သားများနှင့် KNDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီ​ဒေသကာကွယ်​ရေးတပ်များသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊စစ်သုံ့ပန်းများ၊CDMစစ်သားများနှင့် KNDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ်ရောက်တပ်မ ၆၆ မှ တပ်ရင်းမှူး သုံးဦးသာကျန်ရှိပြီးတပ်ဖွဲ့စည်းပုံပျက်သည့်အထိ အခြေနေဆိုး​နေကြောင်းကရင်နီတပ်မတော် KA ကယနေ့(စက်တင်ဘာ၁၀ ရက်)တွင်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီဒေသသို့စစ်ကူအဖြစ်တပ်ရင်း​ခြောက်ရင်းအား ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ ၆၆ မှ တပ်မမှူးမျိုးမင်းက ဦးဆောင်လာခဲ့သည်ဟု ​ဖော်ပြထားသည်။

ထိုတပ်ရင်း​ခြောက်ရင်းနှင့် ဒေသခံစစ်​ကောင်စီတပ်အား ကရင်နီတပ်မတော်(KA)အပါအဝင် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF နှင့် PDF တပ်များက ခုခံတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ပြုလုပ်ခြင်း နှင့်အခြား စစ်ဗျူဟာ အဝဝကိုပြန်လည်ချေမူန်းတိုက်ခိုက်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။

“တပ်မမှူး မျိုးမင်းအပြင်းအထန် ဒဏ်ရာရခဲ့သည့်အပြင် တပ်မမှူး အစားထိုးခဲ့ရသည့်အထိ ဖြစ်​ပေါ်ခဲ့​ရပါသည်”ဟု KA က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖရူးဆို တိုက်ပွဲ၌ တပ်ရင်းမှူး တစ်ဦးထပ်မံ သေဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူး ၂ ဦးမှာလည်း ကရင်နီရှိ အခြားတိုက်ပွဲတွင် ဒဏ်ရာ ရခဲ့သဖြင့် တပ်ရင်းမှူး ၃ ဦးသာ ကျန်ရှိ​တော့ကြောင်းလည်းသိရသည်။

ထိုအပြင်ကရင်နီပြည်ရောက် တပ်မ ၆၆ သည် မကြာသေးသည့် ရက်အနည်းငယ်အတွင်းမှာလည်း နောက်ထပ်တပ်ရင်းမှူးတစ်ဦး အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိ​ဟုတင်ပြခဲ့ရာကြီး လေးသော ပြစ်ဒဏ်ကျခံစေရေးအတွက်နောက်တန်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရသည်ဟု KAက​ဖော်ပြထားသည်။

လောက်ကိုင်တိုက်ပွဲ နှင့် ရခိုင် ပြည်နယ်တိုက်ပွဲ များတွင် နာမည်ကြီးခဲ့သည့် တပ်မ ၆၆ သည် ကရင်နီပြည်တွင် အခြေနေဆိုးနှင့်ကြုံခဲ့ရကြောင်း KA က ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီ​ဒေသကာကွယ်​ရေးတပ်များသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊စစ်သုံ့ပန်းများ၊CDMစစ်သားများနှင့် KNDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီ​ဒေသကာကွယ်​ရေးတပ်များသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ၊စစ်သုံ့ပန်းများ၊CDMစစ်သားများနှင့် KNDFတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

သီးခြားစစ်ရေးသတင်းရင်းမြစ်များအရ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်ကို စစ်ကောင်စီတပ်ကအနားပေးခဲ့သည်ဟု ယမန် နေ့က သတင်းထွက်ပေါ်ထားသည်။

တပ်မ ၆၆ သည် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် ခမရ ၄၊ ခမရ ၅၊ ခလရ ၈၀၊ မင်းလှအခြေစိုက် ခလရ ၁၊ ပြည်မြို့အ ခြေစိုက် ခလရ ၁၄၊ အုတ်ဖိုအခြေစိုက် ခမရ ၆၊ ပေါင်းတည်အခြေစိုက် ခမရ ၁၀၊ သာယာဝတီအခြေ စိုက် ခလရ ၃၅၊ ဓနုဖြူအခြေစိုက် ခမရ ၁၀၈၊ ပုသိမ် ဝါးယားချောင်းအခြေစိုက် ခလရ ၁၁ စတဲ့ တပ်ရင်း ၁၀ ရင်းကို ကွပ်ကဲရသည့် ခြေမြန်တပ်မဌာနချုပ်တစ်ခုဖြစ်သည်။

ကရင်နီဒေသသို့ စစ်ထိုးလာသည့် တပ်မ ၆၆လက်အောက်ခံတပ်များမှ အရှင်ဖမ်းမိ သည့် စစ်ကောင်စီတပ်သားများအပါအဝင် CDM ဝင်လာသည့် တပ်သားစုစုပေါင်း တပ်သား ၁၀၀ ခန့်ရှိနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ် များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။