Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ပြုတ်ကျရေးတွင် မသက်ဆိုင်သလိုနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ စစ်အာဏာရှင်၏ကျွန်များဟု ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ပြော

လက်ရှိချိန်အထိ ကရင်နီတပ်မတော် KA နှင့် KNDF အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများကနယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။

ကရင်နီတပ်မတော် KA ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ် ၊ဓာတ်ပုံ Kn.A.C
ကရင်နီတပ်မတော် KA ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ် ၊ဓာတ်ပုံ Kn.A.C

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်တွင် မသက်ဆိုင်သလို လက်ပိုက်ကြည့်နေ ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများသည် စစ်အာဏာရှင်၏ ကျွန်(သို့မဟုတ်)ဘတ်တော်သား များဖြစ်နေကြောင်း ကရင်နီတပ်မတော်(KA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။

ယနေ့(သြဂုတ် ၂၉ရက်) ရက်စွဲဖြင့် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)လူငယ်များနှင့် ပြည်သူလူထုထံသို့ အထူးသတိထားဂရုပြုရန် အသိပေးစာအရ အထက်ပါ အတိုင်းဖော်ပြထားခြင်းဖြစ်သည်။

ကရင်နီအမျိုးသားများသည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်တိုက်ပွဲဝင်နေချိန်တွင် အစွန်းရောက်ဘာသာရေးသမား၊တော်လှန် ရေး အမည်ခံ အချောင်းသမားသမားများ၊နိုင်ငံရေးပွဲ စားများ၊အတ္တမာန စီးပွားရေးသမားများသည် အသိခေါက်ခဲ အဝင်နက်ပြီး ၎င်းတို့နှင့် မဆိုင်သလို လက်ပိုက်ကြည့်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် အလိုအလျောက်စစ်အာဏာရှင်၏ ကျွန်(ဝါ) ဘတ်တော်သားဖြစ်နေကြသည်ဟု ဗိုလ်မှူးချုပ်အောင်မြတ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်း ရှိဒေသများအနက် ကရင်နီ(ကယား)ပြည်နယ် မှာ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိချိန်အထိ ကရင်နီတပ်မတော် KA နှင့် KNDF အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများကနယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။