Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မန္တလေးရှိ လောင်းကစားဝိုင်းများ အမြန်ဆုံးပိတ်သိမ်းရန် ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များသတိပေး

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်းလောင်းကစားဝိုင်းများသောင်းကျန်းနေ၍ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတိပေးကြေညာသည်။

(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)
(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့တွင်လောင်းကစားဝိုင်းများအမြန်ဆုံးပိတ်သိမ်းရန် ဒေသတွင်းပြည်သူ့အဖွဲ့အစည်းများက သတိပေးလိုက်သည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နေရာအချို့တွင်လောင်းကစားဝိုင်းများသည် အကြမ်းဖက်စစ်ကောင်စီက လိုင်းကြေးကောက်ခံပြီး တွင်တွင်ကျယ်ကျယ်ပြုလုပ်လျက်ရှိကြောင်းနှင့် ဆူပူသောင်းကျန်းမှုအသွင်ဆောင်လာသည်ကို သတင်းအချက်လက်များ ရရှိထားသည်ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု(WTRF)က အသိပေးသည်။

ထို့ကြောင့်လောင်းကစားဝိုင်းများမပြုလုပ်ရန်နှင့်လောင်းကစားဝိုင်းများသို့သွားရောက်ခြင်းမပြုကြရန် သတိပေးလိုက်ကြောင်း၊ ယခုကဲ့သို့ သတိပေးသည်အချိန်မှစ၍ ထပ်မံပြုလုပ်လာမည်ဆိုလျှင်လည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း WTRFက သတိပေးသည်။

(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)
(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓါတ်ပုံ-WTRF)

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်းလောင်းကစားဝိုင်းများသောင်းကျန်းနေ၍ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတိပေးကြေညာသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေသည် စစ်ကောင်စီတပ်ကို ပြင်းထန်စွာခုခံတော်လှန်နေသည့်ကာလဖြစ်ပြီး ပြည်သူများ စားဝတ်နေရေးအတွက်ပါ ရုန်းကန်နေရသည့်အချိန်ဖြစ်ကြောင်း၊ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများကြောင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထိုကစားဝိုင်းများအား တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံခဲ့သည်ဟု မြင်းမူ ပြည်သူ့လုံခြုံရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် မလိုက်နာ၍ အသံဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ယခုစာပြန်သည့်အချိန်မှစ၍ ပုံဝိုင်းများ အပြီးတိုင် သိမ်းဆည်းကြရန်၊ ဆက်လက်လုပ်ကိုင်နေသော ဒိုင်များနှင့် နေအိမ်ပိုင်ရှင်များအား NUG အစိုးရ၏ တရားဥပဒေအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook