Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝေဖန်မှုတွေ ရှိနေပေမယ့် ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေး ထိုးနှံမှု စတင်

ထိုင်ဝမ်မှာ Medigenဆေးကို ထိုးနှံဖို့ စာရင်းပေးထားသူ ၇ သိန်းကျော် ရှိနေပါပြီ။ ဒီဆေးဟာ ၂၈ ရက်ခြားပြီး ၂ ကြိမ် ထိုးနှံဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့် ပြည်တွင်းဖြစ် Covid-19 ကာကွယ်ဆေးကို ထိုင်ဝမ်မှာ စတင် ထိုးနှံပေးနေကြောင်း သိရပါတယ်။

ကျွန်းနိုင်ငံလေးရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက Medigenရဲ့ ကာကွယ်ဆေးကို အရေးပေါ် အခြေအနေတွေမှာ အသုံးပြုဖို့ ပြီးခဲ့တဲ့လမှာ ခွင့်ပြုပေးခဲ့ပါတယ်။ ကာကွယ်ဆေးအတွက် လက်တွေ့ စမ်းသပ်မှုတွေ မပြီးဆုံးသေးတဲ့ အချိန်မျိုးမှာ အခုလို အရေးပေါ် သုံးစွဲစေလိုက်တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ နိုင်ငံခြား ကာကွယ်ဆေးတွေ မှာယူပြီး ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးဖို့ စီစဉ်ခဲ့ပေမယ့် နှောင့်နှေးမှုတွေနဲ့ တခြား အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အခုအခါမှာတော့ Medigenရဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေးကို ဩဂုတ် ၂၃ ရက်ကစပြီး နိုင်ငံသားတွေကို ထိုးနှံပေးနေပြီလို့ သိရပါတယ်။

ဒီဆေးကို လက်တွေ့ စမ်းသပ်မှုတွေ မပြီးဆုံးသေးဘဲ၊ သိပ္ပံနည်းကျ အချက်အလက်တွေ အတည်မပြုနိုင်သေးဘဲ ထိုးခွင့် ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ် အာဏာပိုင်တွေကတော့ Medigenရဲ့ ဆေးကြောင့် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးမျိုး မရှိနိုင်ဘူးလို့ ကာကွယ် မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံသားတွေက ဆေးအပေါ် ယုံကြည်မှု ရှိစေဖို့အတွက် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် ကိုယ်တိုင် ဆေးအထိုးခံပြခဲ့တာကိုလည်း တွေ့ရပါတယ်။ Medigenရဲ့ ကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေပေမယ့် သတ်မှတ် စံနှုန်းမျိုးထိ ပြည့်ပြည့်ဝဝ လက်တွေ့ မစမ်းသပ်ရသေးပါဘူး။

ဒီဆေးဟာ Novovaxက ထုတ်လုပ်တဲ့ ဆေးလိုပဲ Recombinant Protein နည်းပညာကို အသုံးပြု ထုတ်လုပ်ထားတာပါ။ ထိုင်ဝမ်မှာ Medigenဆေးကို ထိုးနှံဖို့ စာရင်းပေးထားသူ ၇ သိန်းကျော် ရှိနေပါပြီ။ ဒီဆေးဟာ ၂၈ ရက်ခြားပြီး ၂ ကြိမ် ထိုးနှံဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ကျွန်းငယ်တွေမှာ ကင်းလှည့်တာဝန်ယူဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုပ်ခွေးတွေကို ထိုင်ဝမ်စစ်တပ်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ရေး မစ်ရှင်အတွင်း ထိုင်ဝမ်စစ်တပ်ရဲ့ အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။