Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် သန့်စင်ခန်းများနှင့် YBS ယာဉ်များပေါ်၌ မင်းအောင်လှိုင်ပုံကပ်၍ ကမ်ပိန်းပြုလုပ်

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Mayangone Democratic Front
ဓာတ်ပုံ - Mayangone Democratic Front

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများရှိ သန့်စင်ခန်း များနှင့် YBS ယာဉ်များပေါ်တွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင် မိသားစုပုံကို ‘သူခိုးမိသားစု’ ဟု အမည်တပ်၍ ပိုစတာကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (စက်တင်ဘာ ၁၄) ညနေပိုင်း၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Mayangone Democratic Front
ဓာတ်ပုံ – Mayangone Democratic Front

“ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်က ပန်းပင်ကြီးလမ်းဖြစ်စဥ်မှာ ကျွန်တော်တို့ တော်လှန်ရေးဘက်တော် သားတွေ အထိအခိုက်များခဲ့တာအတွက် ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်သလို ပိုပြီးတော့ လှုပ်ရှားမှုတွေကို အကွက်စိပ်စိပ်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီလောက် ပစ်ခတ်နှိပ်စက် ဖမ်းဆီးနေတဲ့ကြားထဲက ဒီလို လှုပ်ရှားမှုကို ပြုလုပ်ရတာဟာ တော်လှန်ရေးမပြီးဆုံးသေးကြောင်း၊ ကျွန်တော်တို့အားလုံးမှာ တာ ဝန်ရှိနေသေးကြောင်း လှုံ့ဆော်ခြင်း ဖြစ်ပါတယ် “ဟု Mayangone Democratic Front (MDF)အဖွဲ့က ဆိုသည်။

ဓာတ်ပုံ - Mayangone Democratic Front
ဓာတ်ပုံ – Mayangone Democratic Front

ပြည်သူလူထုတွေအနေဖြင့်လည်း အခက်အခဲအမျိုးမျိုးကြောင့် သာမန်လှုပ်ရှားသွားလာနေကြရသော် လည်း စစ်အာဏာရှင်​၏ စီးပွားရေးများကို အားမပေးခြင်း၊ ၎င်းတို့ မိသားစုများကို အရှက်ရစေရန် Social Punishment တို့ကို ဆက်လက် အဆုံးထိ ဆောင်ရွက်ပေးကြရန်လည်း MDF အဖွဲ့က တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။