Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တွင် သန့်စင်ခန်းများနှင့် YBS ယာဉ်များပေါ်၌ မင်းအောင်လှိုင်ပုံကပ်၍ ကမ်ပိန်းပြုလုပ်

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Mayangone Democratic Front
ဓာတ်ပုံ - Mayangone Democratic Front

ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများရှိ သန့်စင်ခန်း များနှင့် YBS ယာဉ်များပေါ်တွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင် မိသားစုပုံကို ‘သူခိုးမိသားစု’ ဟု အမည်တပ်၍ ပိုစတာကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (စက်တင်ဘာ ၁၄) ညနေပိုင်း၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Mayangone Democratic Front
ဓာတ်ပုံ – Mayangone Democratic Front

“ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်က ပန်းပင်ကြီးလမ်းဖြစ်စဥ်မှာ ကျွန်တော်တို့ တော်လှန်ရေးဘက်တော် သားတွေ အထိအခိုက်များခဲ့တာအတွက် ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်သလို ပိုပြီးတော့ လှုပ်ရှားမှုတွေကို အကွက်စိပ်စိပ်ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီလောက် ပစ်ခတ်နှိပ်စက် ဖမ်းဆီးနေတဲ့ကြားထဲက ဒီလို လှုပ်ရှားမှုကို ပြုလုပ်ရတာဟာ တော်လှန်ရေးမပြီးဆုံးသေးကြောင်း၊ ကျွန်တော်တို့အားလုံးမှာ တာ ဝန်ရှိနေသေးကြောင်း လှုံ့ဆော်ခြင်း ဖြစ်ပါတယ် “ဟု Mayangone Democratic Front (MDF)အဖွဲ့က ဆိုသည်။

ဓာတ်ပုံ - Mayangone Democratic Front
ဓာတ်ပုံ – Mayangone Democratic Front

ပြည်သူလူထုတွေအနေဖြင့်လည်း အခက်အခဲအမျိုးမျိုးကြောင့် သာမန်လှုပ်ရှားသွားလာနေကြရသော် လည်း စစ်အာဏာရှင်​၏ စီးပွားရေးများကို အားမပေးခြင်း၊ ၎င်းတို့ မိသားစုများကို အရှက်ရစေရန် Social Punishment တို့ကို ဆက်လက် အဆုံးထိ ဆောင်ရွက်ပေးကြရန်လည်း MDF အဖွဲ့က တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။