Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA ထပ်မံတိုက်ခိုက်သိမ်းပိုက်ဟု ဒေသခံပြော

လတ်တလောတွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းပြီး လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားရှိကြောင်း AA က ထုတ်ပြန်ထားသည်။

မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA ထပ်မံတိုက်ခိုက်သိမ်းပိုက်ဟု ဒေသခံပြော
မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA ထပ်မံတိုက်ခိုက်သိမ်းပိုက်ဟု ဒေသခံပြော

ယနေ့သိမ်းပိုက်ခံသည့် မီးတိုက်စခန်းသည် ကြိမ်ချောင်းနှင့် တောင်ပြိုဗျူဟာအကြားရှိ အရေးပါဆုံးစခန်းဖြစ်ဟုဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ (စက်တင်ဘာ ၁၅ရက်) ညနေပိုင်း၌ ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“အဲဒါက ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက AA တစ်ခေါက်လာတိုက်သေးတယ် ။ လာတိုက်တော့ အဲဒီနားက မီးတိုက်နဲ့ သင်္ဘောလှက ရွာသားတွေ ပိတ်မိပြီး တောထဲ ပုန်းရှောင်နေရတာ။ ကျွန်တော်တို့ ကြားတာက မနေ့ညကတည်းက AAက အဲဒီစခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားတာ။ ဒီညနေ ၄နာရီကျော်လောက်က မိုးတွေ တအား သည်းတဲ့အချိန်မှာ ဝင်တိုက်တာ မိနစ် ၅၀ ကျော်လောက်ကြာတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့ဘက်ကတော့ အင်အားတွေအများကြီးဖြည့်နေတယ်လို့ ပြောတယ်။ အခုဖြစ်တဲ့နေရာကိုတော့ တောင်ပြို ဗျူဟာက လက်နက်ကြီးပစ်တာရှိတယ်။ နောက်ပြီး ရဟတ်ယာဉ်နဲ့ လာပစ်တာရှိတယ်။ အခြားမြေပြင် စစ်ကူလာတာကတော့ မတွေ့ရဘူး”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

AA အနေဖြင့် ဩဂုတ်လကုန်ပိုင်းက မောင်တောမြို့နယ် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀)ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း၌လည်း မောင်တောမြို့နယ်ရှိ ခမရ(၃၅၂) စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ယခုတိုက်ခိုက်သိမ်းပိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းသည်လည်း စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်သည်ဟု ဒေသခံက ပြောသည်။

“သူက တောင်ပြိုနဲ့ ကြိမ်ချောင်းကြားမှာ အရေးကြီး ဆုံး အထိုင်စခန်းလို့ ပြောရမယ်။ အရင်တုန်းက နယ်ခြားစောင့် ၅၀ လောက်ရှိတယ်။ နောက်ပိုင်းတော့ စစ်တပ်ကနောက်ထပ် အင်အားထပ်ဖြည့်ထားတယ်လို့ ပြောတယ်။ အဲဒါကို AAက ဝိုင်းထားတာ ပိတ်ဆို့ထားတာ ကြာပြီ။ တိုက်ပွဲကတော့ အရင်ကတည်းက ဖြစ်တာ။ အဲဒါက ကြိမ်ချောင်းနဲ့ တောင်ပြိုကြားမှာ အရေးပါဆုံး အကြီးဆုံး အထိုင်စခန်းလို့ ပြောလို့ရတာပေါ့”ဟု ရခိုင်ဒေသခံက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းပြီး လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။