Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့နယ်ရှိ မီးတိုက်စခန်းနှင့် ကြိမ်ချောင်းဗျူဟာ ကာကင်းကို AA တိုက်ခိုက်

ယနေ့ (စက်တင်ဘာ ၁၀ရက်) နံနက်တွင်လည်း ကြိမ်ချောင်းဗျူဟာ ရှေ့ကာကင်းဖြစ်သည့် မယူတောင်ခြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို AAက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

(ရက္ခိုင့်တပ်တော် (AA)တပ်သားများအား တွေ့ရစဉ်)
(ရက္ခိုင့်တပ်တော် (AA)တပ်သားများအား တွေ့ရစဉ်)

▪️တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ မီးတိုက်နယ်ခြားစောင့် တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်တွင်လည်း မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းဗျူဟာ ကာကင်းစခန်းတစ်ခုကို AAက တိုက်ခိုက်ခဲ့သည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၉ရက် ညပိုင်းက ဖြစ်ခဲ့သည့် မီးတိုက်စခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူရယူတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးဟု ဆိုသည်။

” မနေ့ကကျရင် ကြိမ်ချောင်း တောင်ပြို ကားလမ်းမှာရှိတဲ့ မီးတိုက်အထိုင်စခန်းကို AAက ဝင်တိုက်တယ်လို့ ပြောတယ်။ ဝင်တိုက်တော့ မီးတိုက်နဲ့ သင်္ဘောလှက ဒေသခံတွေ ထွက်ပြေးနေရတယ်။ မနေ့ညက တောင်ပြိုဗျူဟာက လက်နက်ကြီးပစ်တာတွေရှိတယ်။ အဲဒီမှာ မီးတိုက်ရွာထဲတောင် လက်နက်ကြီး ကျတယ်ပြောတယ်။ ညဘက် ၁၀နာရီထိုးခါနီးမှာ တိုက်လေယာဉ်နဲ့ လာပစ်တာရှိတယ်။ AAက သိမ်းနိုင်သွားလား မသိမ်းနိုင်သွားလား အတိအကျမသိဘူး”ဟု ရခိုင်ဒေသခံက ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၀ရက်) နံနက်တွင်လည်း ကြိမ်ချောင်းဗျူဟာ ရှေ့ကာကင်းဖြစ်သည့် မယူတောင်ခြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို AAက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက တအားပြင်းတယ် ပြောတယ်။ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတောင်ရှိတယ်။ ဒီမနက်က လေယာဉ်နဲ့ လာပစ်တယ်။ လေယာဉ် နှစ်စီးတောင်”ဟု ရခိုင်ဒေသခံက ပြောသည်။

ကြိမ်ချောင်းဗျူဟာ ကာကင်းစခန်းကို တိုက်ခိုက်ခြင်းသည် ဗျူဟာစခန်းကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ဩဂုတ်လကုန်ပိုင်းကလည်း မောင်တောမြောက်ပိုင်းရှိ ခမောင်းဆိပ်ဗျူဟာကို AAက တိုက်ခိုက်ခဲ့ရာ ရက်ရှည်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း နေရာအချို့ကို AAက ရရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်ထင်တာ အဲဒီ ကြိမ်ချောင်းဗျူဟာကို ဝင်တိုက်ဖို့အတွက် ပထမအဆင့်အနေနဲ့ စခန်းအသေးလေးတွေကို တစ်ခုချင်းသိမ်းတာလို့မြင်တယ်။ခမောင်းဆိပ်မှာတော့ နောက်ထပ် တိုက်ပွဲဖြစ်တာတော့ မကြားဘူး။ AAက တော့ ဗျူဟာ တစ်ခုလုံး မသိမ်းနိုင်ပေမယ့် အများစုကို သိမ်းထားပြီး အခြားဟာတွေကို ပိတ်ဆို့ထားတယ်လို့ သိရတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၀ ရွေးကောက်ပွဲ ကာလမှစ၍ နှုတ်အားဖြင့် တိုက်ပွဲရပ်စဲခဲ့သည်။ ယခုနှစ်တွင် နှစ်ဖက်စစ်ရေးတင်းမာခဲ့ရာ ဩဂုတ်လလယ်မှစ၍ ရသေ့တောင်၊ ပလက်၀၊ မောင်တော၊ မြောက်ဦး မြို့နယ်များ၌ တိုက်ပွဲဖြစ်ခဲ့ပြီး တောင်ကုန်၊ အမ်းနှင့် မြေပုံမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ကို AAက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။