Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ် မီးရထားစက်ရုံရဲ့ ရုံးအုပ် အမျိုးသမီး ပစ်သတ်ခံရ

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် CDMပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ၊ နေအိမ်လိုင်းခန်းကနေ ချက်ချင်းဖယ်ရှားတာတွေ၊ နေအိမ်တွေကို ရှင်းလင်းတာတွေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြစ်ငယ် မီးရထားစက်ရုံရဲ့ ရုံးအုပ် အမျိုးသမီး ပစ်သတ်ခံရ
မြစ်ငယ် မီးရထားစက်ရုံရဲ့ ရုံးအုပ် အမျိုးသမီး ပစ်သတ်ခံရ

မန္တလေး မြစ်ငယ်မြို့ မီးရထားစက်ရုံ အထွေထွေမန်နေဂျာရုံးက ရုံးအုပ်ကြီး ဖြစ်သူ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးမနေ့က သေဆုံးသွားပါတယ်။

အမရပူရမြို့နယ် ၊စာတိုး စက်ကွေ့ရပ်ကွက်မှာ နေထိုင်တဲ့ ရုံးအုပ်ကြီး ဒေါ်ကြူကြူစန်းဟာ မနေ့က စက်တင်ဘာလ ၁၆ရက်က ရုံးဆင်းပြီးအိမ်ပြန်လာချိန် အိမ်ရှေ့အရောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကို လုပ်ဆောင်တဲ့အဖွဲ့ကိုမသိရသေးပါဘူး။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် CDMပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ၊ နေအိမ်လိုင်းခန်းကနေ ချက်ချင်းဖယ်ရှားတာတွေ၊ နေအိမ်တွေကို ရှင်းလင်းတာတွေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။