Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ်မြို့ ဥယျာဥ်တော်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF အမျိုးသမီးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

အမရပူရမြို့နယ် မြစ်ငယ်မြို့ ဥယျာဥ်တော်ကျေးရွာ အမှတ်(၆)မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို MN PDF အမျိုးသမီးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယနေ့(စက်တင်ဘာ ၁၁) ထုတ်ပြန်သည်။

စက်တင်ဘာ ၉ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဥယျာဥ်တော်ကျေးရွာ အမှတ်(၆)မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်အုန်း(ခ)ပွကြီးစိန်ဆိုသူအား ဝေဠုဓမ္မာရုံအနီး သေနတ်ဖြင့် ခုနစ်ချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

“ထိုသူသည် စကစအုပ်ကြီးအဖြစ် ရပ်တည်နေရုံမျှမကဘဲ ပျူစောထီးသင်တန်းဆင်း ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သောကြောင့် နှုတ်ခမ်းနီခုနစ်တောင့်အား စျေးကြီးနေသည့်ကြားမှ နှမြောစွာဖြင့် အသုံးပြုခဲ့ရပါသည်”ဟု ဆို သည်။

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူတစ်ဦးလက်ထိမှန်ခဲ့သည့်အပေါ် MN PDF မှ အနူးအညွတ်တောင်းပန်ကြောင်းလည်း ဖော်ပြထားသည်။

မြစ်ငယ် PDF မှ အမျိုးသမီးတပ်ဖွဲ့သည် စက်တင်ဘာ ၈ ရက်ကလည်း အမရပူရမြို့နယ် စားတော်ကျေးရွာနေ စစ်ကောင်စီသတင်းပြန်ကြားရေးမှ ညီညီထွန်း၊ ရုရှားပြန်ဗိုလ်ကြီး အောင်မင်းထွန်းတို့နှင့် ညီအစ်ကိုတော်စပ်သူ ဒလန်ဟုဆိုသူ ကျော်မြင့်ထွန်းနှင့်ဇနီးတို့၏ ယက္ကန်းရုံအားဖောက်ခွဲ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား