Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ်မြို့ ဥယျာဥ်တော်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF အမျိုးသမီးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

မြစ်ငယ်မြို့ ဥယျာဥ်တော်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF အမျိုးသမီးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း
မြစ်ငယ်မြို့ ဥယျာဥ်တော်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF အမျိုးသမီးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

အမရပူရမြို့နယ် မြစ်ငယ်မြို့ ဥယျာဥ်တော်ကျေးရွာ အမှတ်(၆)မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို MN PDF အမျိုးသမီးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယနေ့(စက်တင်ဘာ ၁၁) ထုတ်ပြန်သည်။

စက်တင်ဘာ ၉ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဥယျာဥ်တော်ကျေးရွာ အမှတ်(၆)မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်အုန်း(ခ)ပွကြီးစိန်ဆိုသူအား ဝေဠုဓမ္မာရုံအနီး သေနတ်ဖြင့် ခုနစ်ချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

“ထိုသူသည် စကစအုပ်ကြီးအဖြစ် ရပ်တည်နေရုံမျှမကဘဲ ပျူစောထီးသင်တန်းဆင်း ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သောကြောင့် နှုတ်ခမ်းနီခုနစ်တောင့်အား စျေးကြီးနေသည့်ကြားမှ နှမြောစွာဖြင့် အသုံးပြုခဲ့ရပါသည်”ဟု ဆို သည်။

အထက်ပါ ပစ်ခတ်ရှင်းလင်းမှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ကြီး တင်အုန်းကိုင်သည့် သေနတ်အား အခြေအနေအရ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူတစ်ဦးလက်ထိမှန်ခဲ့သည့်အပေါ် MN PDF မှ အနူးအညွတ်တောင်းပန်ကြောင်းလည်း ဖော်ပြထားသည်။

မြစ်ငယ် PDF မှ အမျိုးသမီးတပ်ဖွဲ့သည် စက်တင်ဘာ ၈ ရက်ကလည်း အမရပူရမြို့နယ် စားတော်ကျေးရွာနေ စစ်ကောင်စီသတင်းပြန်ကြားရေးမှ ညီညီထွန်း၊ ရုရှားပြန်ဗိုလ်ကြီး အောင်မင်းထွန်းတို့နှင့် ညီအစ်ကိုတော်စပ်သူ ဒလန်ဟုဆိုသူ ကျော်မြင့်ထွန်းနှင့်ဇနီးတို့၏ ယက္ကန်းရုံအားဖောက်ခွဲ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။