Connect with us

Hi, what are you looking for?

သတင်း

အစွန်းရောက် လူမျိုးကြီးဝါဒနှင့် အမျိုးသားရေးဝါဒကို အသုံးချလေ့ရှိသည့် အာဏာရှင်စနစ်များ ပျောက်ကွယ်ရေး အားထုတ်ကြရန် KNU တိုက်တွန်း

ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ KNUက သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)
(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)

အစွန်းရောက် လူမျိုးကြီး ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒများကို အသုံးချလေ့ရှိသည့် အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်များ ပျောက်ကွယ်သွားပြီး ပြည်ထောင်စုကြီး၏ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ KNUက သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့၏ ဆောင်ပုဒ်သည် အစွန်းရောက် လူမျိုးကြီး ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒများကို ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရေး ဖြစ်သည်။

ထို့ကြောင့် ယခု ၂၀၂၂ မှ စပြီးနောင်လာမည့် နှစ်များတွင် အစွန်းရောက်လူမျိုးကြီး ဝါဒနှင့် အစွန်းရောက်အမျိုးသားရေးဝါဒများ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အတွက် မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုပါက ပြည်သူ လူထုနှင့် သက်ဆိုင်သူ ကမ္ဘာ လူသားအားလုံးအတွက် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများကို အပ်နှင်းထားပြီး လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုများမှ ကင်းဝေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် လိုအပ်ကြောင်း KNUကတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

နိုင်ငံသူ နိုင်ငံသားများနှင့်သက်ဆိုင်သူကမ္ဘာ့လူသားအားလုံးအတွက် အသက်မွေးဝမ်းကြောင်းမှု အပြင် ဘ၀ အသက်တာကို ဖွံ့ဖြိုးတိုးတက်နိုင်ရန် ဖန်တီးပိုင်ခွင့်များ အပ်နှင်းထားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာနှင့် ဓလေ့ထုံးတမ်းများအားလွတ်လပ်စွာ ထိန်းသိမ်းပိုင်ခွင့် နှင့် မြှင့်တင်ပိုင်ခွင့်များလည်း အပ်နှင်းထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အစွန်းရောက်လူမျိုးကြီး ဝါဒသည် နေ့စဉ် ဘ၀အသက်တာနှင့် လူမှုအသိုင်းအဝိုင်း တစ်ခုတည်း၌ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံတည်းတွင် အတူတကွ ရှင်သန်နေထိုင်နိုင်ရန် အတွက်ဖြစ်စေ အဆိပ်အတောက်နှင့် အခက်အခဲ အတားအဆီးများကို ဖြစ်ပေါ်စေပြီး အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေကြောင်း KNU၏ သဝဏ်လွှာ၌ ပါရှိသည်။

ထို့ပြင် အာဏာရှင်နှင့်စစ်အာဏာရှင်များသည်အစွန်းရောက်လူမျိုးကြီး ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒ များကို အသုံးချလေ့ရှိသောကြောင့် ယင်းဝါဒများသည် ပဋိပက္ခ အပြင် အကြမ်းဖက်မှုများနှင့် စစ်မက်ဖြစ်ပွားရခြင်း အားလုံး၏ အခြေခံ အကြောင်းတရား ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook