Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်နယ်ရှိ စစ်ကောင်စီ၏ ကျိတ်စခန်းကို KNUဦးဆောင်သည့် ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ကရင်တိုင်းရင်းသားတစ်ဦးကလည်း “ အခြေအနေက ဒီလို စခန်းကို မွန်းလွဲ ၃နာရီမှာ သိမ်းလို့ရတယ်။ လက်နက်တွေရတယ်။ သုံ့ပန်းတချို့ ဖမ်းဆီးရမိတယ်”ဟု ပြောသည်။

(စစ်ကောင်စီ တပ်စခန်းတစ်ခုကို KNUက တိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်၊ဓာတ်ပုံ - KIC။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီ တပ်စခန်းတစ်ခုကို KNUက တိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်၊ဓာတ်ပုံ - KIC။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

စစ်ကောင်စီတပ်မှ သေဆုံးသူများ၊ အရှင်ဖမ်းမိသူအချို့ရှိပြီး လက်နက် ၂၀ခန့်ရရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ ၏ ကျိတ်စခန်းကို ယနေ့ မွန်းလွဲပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောကြားပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများရှိသည်ဟု ဆိုသည်။

စက်တင်ဘာ ၂၀ရက် မွန်းလွဲ ၃နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စခန်းသိမ်းတာ အတည်ပြုလို့ရတယ်။ စခန်းတက်သိမ်းပြီးတော့ ပြန်ဆုတ်လာတယ်။ စစ်ကောင်စီအကျအဆုံး အတိအကျတော့ မသိရသေးဘူး။ လက်နက်က ၂၀နီးပါးလောက်တော့ရတယ်။ သူတို့ လူတွေ သေတာတော့ ရှိမှာပေါ့။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု KNUသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် ဒေါနစစ်ကြောင်းကလည်း ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကော့ကရိတ်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်တိုင်းရင်းသားတစ်ဦးကလည်း “ အခြေအနေက ဒီလို စခန်းကို မွန်းလွဲ ၃နာရီမှာ သိမ်းလို့ရတယ်။ လက်နက်တွေရတယ်။ သုံ့ပန်းတချို့ ဖမ်းဆီးရမိတယ်”ဟု ပြောသည်။

ကရင်ဒေသသတင်းများ ဖော်ပြလျက်ရှိသည့် Salween Press၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးပြီး အရှမ်ဖမ်းမိသူများ ရှိသည်ဟု ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။