Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အစွန်းရောက် လူမျိုးကြီးဝါဒနှင့် အမျိုးသားရေးဝါဒကို အသုံးချလေ့ရှိသည့် အာဏာရှင်စနစ်များ ပျောက်ကွယ်ရေး အားထုတ်ကြရန် KNU တိုက်တွန်း

ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ KNUက သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)
(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)

အစွန်းရောက် လူမျိုးကြီး ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒများကို အသုံးချလေ့ရှိသည့် အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်များ ပျောက်ကွယ်သွားပြီး ပြည်ထောင်စုကြီး၏ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ KNUက သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့၏ ဆောင်ပုဒ်သည် အစွန်းရောက် လူမျိုးကြီး ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒများကို ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရေး ဖြစ်သည်။

ထို့ကြောင့် ယခု ၂၀၂၂ မှ စပြီးနောင်လာမည့် နှစ်များတွင် အစွန်းရောက်လူမျိုးကြီး ဝါဒနှင့် အစွန်းရောက်အမျိုးသားရေးဝါဒများ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အတွက် မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုပါက ပြည်သူ လူထုနှင့် သက်ဆိုင်သူ ကမ္ဘာ လူသားအားလုံးအတွက် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများကို အပ်နှင်းထားပြီး လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုများမှ ကင်းဝေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် လိုအပ်ကြောင်း KNUကတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

နိုင်ငံသူ နိုင်ငံသားများနှင့်သက်ဆိုင်သူကမ္ဘာ့လူသားအားလုံးအတွက် အသက်မွေးဝမ်းကြောင်းမှု အပြင် ဘ၀ အသက်တာကို ဖွံ့ဖြိုးတိုးတက်နိုင်ရန် ဖန်တီးပိုင်ခွင့်များ အပ်နှင်းထားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာနှင့် ဓလေ့ထုံးတမ်းများအားလွတ်လပ်စွာ ထိန်းသိမ်းပိုင်ခွင့် နှင့် မြှင့်တင်ပိုင်ခွင့်များလည်း အပ်နှင်းထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အစွန်းရောက်လူမျိုးကြီး ဝါဒသည် နေ့စဉ် ဘ၀အသက်တာနှင့် လူမှုအသိုင်းအဝိုင်း တစ်ခုတည်း၌ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံတည်းတွင် အတူတကွ ရှင်သန်နေထိုင်နိုင်ရန် အတွက်ဖြစ်စေ အဆိပ်အတောက်နှင့် အခက်အခဲ အတားအဆီးများကို ဖြစ်ပေါ်စေပြီး အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေကြောင်း KNU၏ သဝဏ်လွှာ၌ ပါရှိသည်။

ထို့ပြင် အာဏာရှင်နှင့်စစ်အာဏာရှင်များသည်အစွန်းရောက်လူမျိုးကြီး ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒ များကို အသုံးချလေ့ရှိသောကြောင့် ယင်းဝါဒများသည် ပဋိပက္ခ အပြင် အကြမ်းဖက်မှုများနှင့် စစ်မက်ဖြစ်ပွားရခြင်း အားလုံး၏ အခြေခံ အကြောင်းတရား ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။