Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများအတွက် ဒေါ်လာ သန်း ၁၇၀ ကျော် ထပ်မံ ပံ့ပိုးမည်ဟု ကန်နိုင်ငံခြားရေး၀န်ကြီး ကြေညာ

အခြားသောအလှူရှင်များအနေဖြင့်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာခဲ့ကြသူများထံ လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှုနှင့် အကူအညီတိုးမြှင့်ပေးအပ်ရန် အမေရိကန်က တိုက်တွန်းသည်။

(၂၀၁၇ သြဂုတ်မှစ၍ စစ်တပ်၏ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် အကြမ်းဖက်သတ်ဖြတ်၊လုယက်၊မီးရှို့ ၊မုဒိန်းပြုကျင့်မှုများ​ကြောင့်ထွက်​ပြေးခဲ့ကြ​သော ရိုဟင်ဂျာ ဒုက္ခသည်များ ။ ။ဓါတ်ပုံ-ရိုက်တာ)
(၂၀၁၇ သြဂုတ်မှစ၍ စစ်တပ်၏ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် အကြမ်းဖက်သတ်ဖြတ်၊လုယက်၊မီးရှို့ ၊မုဒိန်းပြုကျင့်မှုများ​ကြောင့်ထွက်​ပြေးခဲ့ကြ​သော ရိုဟင်ဂျာ ဒုက္ခသည်များ ။ ။ဓါတ်ပုံ-ရိုက်တာ)

မြန်မာပြည်တွင်းနှင့် ဘဂ်လားဒေ့ရှ် ရိုဟင်ဂျာများအတွက် လူသားချင်းစာနာမှုနောက်ထပ်အကူအညီ ဒေါ်လာ ၁၇၀ သန်းကျော်ကို ပေးအပ်မည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ယမန်နေ့တွင် ကြေညာသည်။

အထက်ပါ အမေရိကန်အစိုးရ၏ ပံ့ပိုးမှုသည် ဘဂ်လားဒေ့ရှ်ရှိ လက်ခံထားသောအသိုင်းအဝန်းအတွက်လည်း အပါအဝင်ဖြစ်ပြီး ၂၀၁၇ သြဂုတ်မှစတင်၍ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် အမေရိကန်၏ ကူညီထောက်ပံ့မှုသည် ဒေါ်လာ ၁.၉ ဘီလီယံနီးပါးရောက်ရှိလာပြီဟု ဆိုသည်။ ၂၀၁၇ တွင် မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်သည် တစ်ဖက်နိုင်ငံ ဘဂ်လားဒေ့ရှ်၊ ကော့ဘဇားဒုက္ခသည် စခန်းများသို့ ၎င်းတို့၏ လုံခြုံရေးအတွက်ထွက်ပြေးသွားခဲ့ရသည်။

ယခုပေးအပ်သော ဒေါ်လာ ၁၇၀ သန်းကျော်တွင် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာမှ ၉၃ သန်းကျော်နှင့် USAID မှ ၇၇ သန်းကျော်ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ယင်းအနက် ၁၃၈ သန်းနီးပါးမှာ ဘဂ်လားဒေ့ရှ်ရှိ သတ်မှတ်ထားသည့်အစီအစဥ်များအတွက်ဖြစ်ပြီး ယင်းသည် ရိုဟင်ဂျာဒုက္ခသည် ၉၄၀၀၀၀ ကျော်အတွက် အသက်ဆက်လက်ရှင်သန်ရေး အထောက်အပံ့ပေးမည်ဟု ဆိုသည်။

ထို့အပြင် ရိက္ခာထောက်ပံ့မှု၊ သောက်ရေဖူလုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်ကာကွယ်မှု၊ ပညာရေး၊ ယာယီနေထိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာလူမှု၀န်းကျင်အထောက်အပံ့ စသည်တို့ အတွက်လည်း ပါဝင်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အခြားသောအလှူရှင်များအနေဖြင့်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာခဲ့ကြသူများထံ လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှုနှင့် အကူအညီတိုးမြှင့်ပေးအပ်ရန် အမေရိကန်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။