Connect with us

Hi, what are you looking for?

သတင်း

ဒုက္ခသည်တွေ မြန်မာသို့ ပြန်မပို့ခင် ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ IIMM ထုတ်ပြန်

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

(၂၀၁၇ စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြရတဲ့ ရိုဟင်ဂျာများကို တွေ့ရစဥ်။ ဓာတ်ပုံ - UNHCR)

စက်တင်ဘာ-၂၃၊ ၂၀၂၆။ People’s Spring

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

လတ်တလော ဒေသတွင်းအစိုးရတွေက ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများ နေရပ်သို့ပြန်ပို့နိုင်ရေးနဲ့စပ်လျဥ်းတဲ့ ထုတ်ပြန်ကြေညာချက်များကို သတိပြုမိကြောင်းနဲ့ အဲဒီ နေရပ်ပြန်ပို့ခြင်းများ မတိုင်မီ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုများ ပြင်းထန်စွာခံစားနေရတဲ့ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမှာဖြစ်တယ်လို့ IIMM က ဖော်ပြပါတယ်။

IIMM က စုဆောင်းထားတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့သီတင်းပတ်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က သူ့နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့နိုင်ရေးအတွက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး မလေးရှားကို လာရောက်ဖို့ ဖိတ်ကြားမယ်လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ IIMM ကတော့ စက်တင်ဘာလဆန်းမှာ ကျင်းပတဲ့ ၆၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာလည်း မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း သတိပေးထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေတယ်လို့ IIMM အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်က ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။

IIMM ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာလည်း ရခိုင်ပြည်နယ်ရှိ အနေအထားမှာ ပြည်သူလူထုများအတွက် မတည်ငြိမ်ဘဲ အလွန်အမင်း အန္တရာယ်ရှိနေဆဲလို့ သတိပေးထားပါတယ်။

ပဋိပက္ခများအကြား ပြည်သူလူထုအနေနဲ့လည်း မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ နှိပ်စက် သတ်ဖြတ်ခြင်းများရဲ့သားကောင်များ ဖြစ်ကြရတယ်လို့ IIMMက ဖော်ပြပါတယ်။

နေရာအနံ့အပြားမှာ ပြည်သူလူထုအနေနဲ့ အခြေခံလိုအပ်ချက်များ မရှိဘဲ လူသားချင်းစာနာမှု အကူအညီများမှာလည်း ပိတ်ဆို့ခံနေရကြောင်း IIMM က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook