Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာများအတွက် ဒေါ်လာ သန်း ၁၇၀ ကျော် ထပ်မံ ပံ့ပိုးမည်ဟု ကန်နိုင်ငံခြားရေး၀န်ကြီး ကြေညာ

အခြားသောအလှူရှင်များအနေဖြင့်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာခဲ့ကြသူများထံ လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှုနှင့် အကူအညီတိုးမြှင့်ပေးအပ်ရန် အမေရိကန်က တိုက်တွန်းသည်။

(၂၀၁၇ သြဂုတ်မှစ၍ စစ်တပ်၏ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် အကြမ်းဖက်သတ်ဖြတ်၊လုယက်၊မီးရှို့ ၊မုဒိန်းပြုကျင့်မှုများ​ကြောင့်ထွက်​ပြေးခဲ့ကြ​သော ရိုဟင်ဂျာ ဒုက္ခသည်များ ။ ။ဓါတ်ပုံ-ရိုက်တာ)
(၂၀၁၇ သြဂုတ်မှစ၍ စစ်တပ်၏ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် အကြမ်းဖက်သတ်ဖြတ်၊လုယက်၊မီးရှို့ ၊မုဒိန်းပြုကျင့်မှုများ​ကြောင့်ထွက်​ပြေးခဲ့ကြ​သော ရိုဟင်ဂျာ ဒုက္ခသည်များ ။ ။ဓါတ်ပုံ-ရိုက်တာ)

မြန်မာပြည်တွင်းနှင့် ဘဂ်လားဒေ့ရှ် ရိုဟင်ဂျာများအတွက် လူသားချင်းစာနာမှုနောက်ထပ်အကူအညီ ဒေါ်လာ ၁၇၀ သန်းကျော်ကို ပေးအပ်မည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ယမန်နေ့တွင် ကြေညာသည်။

အထက်ပါ အမေရိကန်အစိုးရ၏ ပံ့ပိုးမှုသည် ဘဂ်လားဒေ့ရှ်ရှိ လက်ခံထားသောအသိုင်းအဝန်းအတွက်လည်း အပါအဝင်ဖြစ်ပြီး ၂၀၁၇ သြဂုတ်မှစတင်၍ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် အမေရိကန်၏ ကူညီထောက်ပံ့မှုသည် ဒေါ်လာ ၁.၉ ဘီလီယံနီးပါးရောက်ရှိလာပြီဟု ဆိုသည်။ ၂၀၁၇ တွင် မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်သည် တစ်ဖက်နိုင်ငံ ဘဂ်လားဒေ့ရှ်၊ ကော့ဘဇားဒုက္ခသည် စခန်းများသို့ ၎င်းတို့၏ လုံခြုံရေးအတွက်ထွက်ပြေးသွားခဲ့ရသည်။

ယခုပေးအပ်သော ဒေါ်လာ ၁၇၀ သန်းကျော်တွင် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာမှ ၉၃ သန်းကျော်နှင့် USAID မှ ၇၇ သန်းကျော်ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ယင်းအနက် ၁၃၈ သန်းနီးပါးမှာ ဘဂ်လားဒေ့ရှ်ရှိ သတ်မှတ်ထားသည့်အစီအစဥ်များအတွက်ဖြစ်ပြီး ယင်းသည် ရိုဟင်ဂျာဒုက္ခသည် ၉၄၀၀၀၀ ကျော်အတွက် အသက်ဆက်လက်ရှင်သန်ရေး အထောက်အပံ့ပေးမည်ဟု ဆိုသည်။

ထို့အပြင် ရိက္ခာထောက်ပံ့မှု၊ သောက်ရေဖူလုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်ကာကွယ်မှု၊ ပညာရေး၊ ယာယီနေထိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာလူမှု၀န်းကျင်အထောက်အပံ့ စသည်တို့ အတွက်လည်း ပါဝင်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အခြားသောအလှူရှင်များအနေဖြင့်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာခဲ့ကြသူများထံ လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှုနှင့် အကူအညီတိုးမြှင့်ပေးအပ်ရန် အမေရိကန်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။