Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နိုင်ငံရေးသမားတွေကို သမ္မတက စော်ကားပြောဆိုခဲ့တာ မဟုတ်ကြောင်း တောင်ကိုရီးယား ဖြေရှင်း

ယွန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ခဏတာ တွေ့ဆုံပြီး မကြာခင်မှာ အမေရိကန် လွှတ်တော် အမတ်တွေကို ဆဲရေးတဲ့ သဘောမျိုး ပြောဆိုနေကြောင်း အငြင်းပွားစရာ အခြေအနေတွေ ကြုံလာရတာပါ။

အမေရိကန် နိုင်ငံရေးသမားတွေကို သမ္မတက စော်ကားပြောဆိုခဲ့တာ မဟုတ်ကြောင်း တောင်ကိုရီးယား ဖြေရှင်း
အမေရိကန် နိုင်ငံရေးသမားတွေကို သမ္မတက စော်ကားပြောဆိုခဲ့တာ မဟုတ်ကြောင်း တောင်ကိုရီးယား ဖြေရှင်း

သမ္မတက မဟာမိတ် အမေရိကန် ပြည်ထောင်စုအပေါ် စော်စော်ကားကား သုံးနှုန်းပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် တောင်ကိုရီးယား သမ္မတရုံးက ငြင်းဆန်သွားခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ဟာ မိုက်ခွက် မပိတ်မိတဲ့ အချိန်မှာ အမေရိကန် လွှတ်တော် အမတ်တွေကို ရည်ရွယ်ပြီး ပုတ်ခတ် ပြောဆိုခဲ့ကြောင်း မှတ်တမ်း ဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။ ဗီဒီယိုတွေထဲမှာလည်း ယွန်ဟာ အမေရိကန် အမတ်တွေကို ငနုံငအတွေလို့ သုံးနှုန်းထားကြောင်း ပါးစပ်အမူအယာတွေ တွေ့နေရပါတယ်။

ဒီအခြေအနေတွေကြောင့် မဟာမိတ် နှစ်နိုင်ငံကြား မျက်နှာပျက်စရာတချို့ ဖြစ်လာနိုင်ပေမယ့် တောင်ကိုရီးယား သမ္မတရုံးကတော့ ယွန်ဟာ အမေရိကန်ကို ရည်ရွယ် တိုက်ခိုက်တာမျိုး လုံးဝ မလုပ်ခဲ့ကြောင်း ထုတ်ပြန် ဖြေရှင်းခဲ့ပါတယ်။

သမ္မတဟာ ပြည်တွင်းရေး ကိစ္စတစ်ခုကိုသာ ရည်ညွှန်း ပြောဆိုနေခဲ့ပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားတာတွေကလည်း ဘာသာပြန် လွဲချော်နေတာသာ ဖြစ်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ခဏတာ တွေ့ဆုံပြီး မကြာခင်မှာ အမေရိကန် လွှတ်တော် အမတ်တွေကို ဆဲရေးတဲ့ သဘောမျိုး ပြောဆိုနေကြောင်း အငြင်းပွားစရာ အခြေအနေတွေ ကြုံလာရတာပါ။

တောင်ကိုရီးယားမှာတော့ ယွန်ရဲ့ ဗီဒီယိုဟာ YouTubeကနေတဆင့် အကြီးအကျယ် ပျံ့နှံ့သွားပြီး ၂၄ နာရီအတွင်း လူပေါင်း ၅ သန်းကျော် ဝင်ကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်အွန်ဟေးကတော့ ယွန်အနေနဲ့ ဘိုင်ဒန်ကိုဖြစ်စေ၊ တခြား အမေရိကန် နိုင်ငံရေးသမားတွေကိုဖြစ်စေ ပုတ်ခတ် ပြောဆိုစရာ ဘာအကြောင်းအရာမှ မရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ရင်းနှီးကျွမ်းဝင်တဲ့ စစ်ရေး မဟာမိတ်တွေအဖြစ် ဆယ်စုနှစ်တွေနဲ့ချီ ရပ်တည်နေခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် ကြုံနေရတဲ့ တောင်ကိုရီးယားမှာ အမေရိကန် စစ်သည် ၂၇၀၀၀ လောက် အခြေစိုက် ဖြန့်ကျက်ထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။