Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားသာ နျူကလီးယားလက်နက် သုံးခဲ့ရင် အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား သတိပေး

ပြင်ပ ခြိမ်းခြောက်မှုတွေကို အထိရောက်ဆုံး ကာကွယ် တုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မဟာမိတ် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

မြောက်ကိုရီးယားသာ နျူကလီးယားလက်နက် သုံးခဲ့ရင် အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား သတိပေး
မြောက်ကိုရီးယားသာ နျူကလီးယားလက်နက် သုံးခဲ့ရင် အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယားကသာ နျူကလီးယား လက်နက်တွေ အမှန်တကယ် အသုံးပြုလာခဲ့မယ်ဆိုရင် အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးလိုက်ပါတယ်။

မဟာမိတ် နှစ်နိုင်ငံက မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်နိုင်ငံ တစ်ခုအဖြစ် တရားဝင် ကြေညာခဲ့တဲ့ ကိစ္စကိုလည်း အပြင်းအထန် ရှုတ်ချသွားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကို ရန်သူနိုင်ငံ တစ်ခုခုက လုပ်ကြံလိုက်မယ်ဆိုရင် နျူကလီးယား လက်နက်တွေ အသုံးပြုပြီး တုံ့ပြန် တိုက်ခိုက်သွားမယ့် ဥပဒေသစ်ကို အခုလထဲမှာ စတင်ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေကို ထင်ရှားမြင်သာနေစေပြီး ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အသီးသီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ကလည်း မြောက်ကိုရီးယားဖက်က ရန်စကျူးကျော်လာနိုင်ခြေတွေကို တွန်းလှန်ဖို့ မဟာဗျူဟာ အစီအမံဆိုင်ရာ စစ်ရေး လေ့ကျင့်မှုတွေကို တောင်ကိုရီးယားနဲ့ ပူးပေါင်းပြီး အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ပ ခြိမ်းခြောက်မှုတွေကို အထိရောက်ဆုံး ကာကွယ် တုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မဟာမိတ် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဇူလိုင်လတုန်းက F-35A မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်တွေ လေ့ကျင့်ပျံသန်းမှုကို ပူးတွဲ လုပ်ဆောင်ခဲ့ပြီး အလားတူ မဟာဗျူဟာ စစ်ရေးလေ့ကျင့်မှုတွေကို အနာဂတ်မှာလည်း အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်သွားမယ်လို့ အဲဒီ အရာရှိက ဆက်ပြောပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ် အစောပိုင်းက ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့သလို နှစ်မကုန်ခင်မှာ နျူကလီးယား လက်နက်တစ်ခု စမ်းသပ် ဖောက်ခွဲဖို့ စီစဉ်နေဟန်ရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်ခဲ့တာဟာ ၂၀၁၇ တုန်းကပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက မြောက်ကိုရီးယားသာ နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်ဦးမယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူမှုတွေ ကြုံရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ မဟာမိတ် နှစ်နိုင်ငံကလည်း ကြုံလာနိုင်သမျှ အခြေအနေ အားလုံးအတွက် ကြိုပြင်ဆင်ထားကြောင်း သတိပေး ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။