Connect with us

Hi, what are you looking for?

News

လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများမှပြည်သူများ သတိပြုရမည့်အချက်များ ထုတ်ပြန်

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပဋိပက္ခများအတွင်း ပြည်သူများဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များကို အပိုင်းလိုက် အသိပေးချက်ထုတ်ပြန်ခဲ့ရာ ဩဂုတ် ၂၉ရက်တွင် အပိုင်း(၂)ကို ဖော်ပြခဲ့သည်။

လက်နက်ငယ်နှင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများမှ အရပ်သားပြည်သူမျး သတိရပြုရမည့် အချက်မျးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန် သည်။

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပဋိပက္ခများအတွင်း ပြည်သူများဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များကို အပိုင်းလိုက် အသိပေးချက်ထုတ်ပြန်ခဲ့ရာ ဩဂုတ် ၂၉ရက်တွင် အပိုင်း(၂)ကို ဖော်ပြခဲ့သည်။

အဆိုပါအပိုင်း(၂)တွင် လက်နက်ငယ် ပစ်ခတ်သည့် နေရာများ၌ ကွန်ကရစ်နေအိမ်ဖြစ်ပါက နေအိမ်၏ အတွင်းပိုင်း အကျဆုံးနှင့် အလုံခြုံဆုံးအခန်းတစ်ခန်း သတ်မှတ်ထားရန်၊ မှန်ကာထားသည့် အခန်း၊ အပြင်ဘက်နှင့် ထိစပ်နေသည့် အခန်းမျိုးကို အသုံးမပြုရန် အသိပေးထားသည်။

ဖြစ်နိုင်ပါက အဆိုပါအခန်း၌ ဆန်အိတ်၊ သဲအိတ်၊ ဘိလပ်မြေအိတ်များကို အသုံးပြုပြီး ပုန်းအောင်းစရာနေရာ ဖန်တီးထားရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်သံများ အဆက်မပြတ် ကြားရပါက ခိုင်ခံ့သည့် ကုတင်၊ စားပွဲများအောက်တွင် အကာအကွယ်ယူ ပြီး ပုန်းအောင်းရန်၊ ပစ်ခတ်သံများ ရပ်တန့်သွားသည်အထိ ငြိမ်သက်စွာ ပုန်းအောင်း ခိုလှုံရန် နှင့် မဖြစ်မနေ နေရရွှေ့ပြောင်းရန် လိုအပ်ပါက တွာသွား၍နေရာရွှေ့ရန်၊ ကိုယ်ခန္ဓာနှင့် ခေါင်းပေါ်ကို ပြုတ်ကျနိုင်သည့် အရာများအး သတိပြုရွှေ့ပြောင်းရန် အသိပေးထားသည်။

ပစ်ခတ်သံကြားခြင်းအိမ်ပြင်ထွက်ကြည့်ခြင်း၊ ပတ်ဝန်း ကျင်ကို စူးစမ်းခြင်းမျိုး မလုပ်ဘဲ အိမ်ထဲ၌သာ ပုန်းအောင်းနေထိုင်ကြရန်လိုအပ်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။ မိမိအိမ်သည် မလုံခြုံပါက ခိုင်ခံ့သည့် အဆောက်အအုံဆီသို့ သတိဝီရိယရှိစွာ အမြန်ပြောင်းရွှေ့ရန်၊ နေအိမ်ကို စွန့်ခွာရမည်ဆိုပါက ဆောင်ရွက်ရမည့်အချက်များကို လိုက်နာရန်၊ မိမိအိမ်သည် အဝင်အထွက်လမ်းမကြော၌ တည်ရှိပါက လုံခြုံရေးကို ပိုမိုဂရုစိုက်ပြင်ဆင်ရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။