Connect with us

Hi, what are you looking for?

News

ကင်းမရွာတွင် မိုင်းထိ၍ စစ်ကောင်စီတပ်ဖွဲ့ ဝင်နှစ်ဦးသေ ၊တစ်ဦးဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ် ကင်းမကျေးရွာတွင် မိုင်းထိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

(သေဆုံးသူ ရဲဝန်ထမ်းရုပ်အလောင်းအား နယ်ပြန်ပို့ရန် စီစဥ်နေစဥ်၊ ဓါတ်ပုံ-CJ)

မကွေးတိုင်း ပေါက်မြို့နယ် ကင်းမကျေးရွာတွင် မိုင်းထိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၈ ရက်ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းမကျေးရွာအတွင်းသို့ လှည့်လည်ဝင်ရောက်လာရာ မိုင်းနင်းမိရာမှ ပေါက်ကွဲ့ခဲ့ခြင်းဖြစ်ပြီး စစ်သားတစ်ဦး ရဲသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ အခြားစစ်သားတစ်ဦးလည်း မိုင်းစထိမှန်ကာ မျက်စိထိခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ထိခိုက်သွားသူများအနက် စစ်သားနှစ်ဦးသည် မုံရွာမြို့ကဖြစ်ပြီး ရဲတပ်သားမှာ မြိုင်မြို့နယ်ဖြစ်ကြောင်း၊ ရုပ်အလောင်းများကို ၎င်းတို့၏နယ်သို့ ပြန်ပို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကင်းမကျေးရွာတွင် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များဝင်ရောက်လာပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀၀ ခန့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ကာ သက်ကြီးရွယ်အို လေးဦး မီးလောင်သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook