Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်

ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာအား တွေ့ရစဥ်)
(မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာအား တွေ့ရစဥ်)

အကြမ်းဖက်စစ်‌ကောင်စီနှင့်ပတ်သက်သူများကို ရှင်းလင်းမည့်အကြောင်း ကြိုတင်သတိပေးသည့်အနေဖြင့် မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မှော်ဘီ့ရင်သွေးတပ်(Hmawbi Youths Army)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကြိုတင်သတိပေးရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့မလုပ်ချင်ပါဘူး။ မလွှဲသာလို့လုပ်ရတာပါ။ သတိပေးလို့ရပ်သွားရင် ဆက်မလုပ်ပါဘူး”ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ထိခိုက်မှုရှိပါတယ်။ အတိအကျမသိရသေးပါ”ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်မှူထမ်းဟောင်းအိမ်ရာ၌ စစ်မှုပြန်လည်ထမ်းဆောင်သူများရှိသလို ဒလန်လုပ်ဆောင်နေသူများ ရှိသောကြောင့် သတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်မြောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မှော်ဘီရင်သွေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ဒေါင်းအလံလွှင့်စစ်ဆင်ရေးကို ဩဂုတ် ၂၆ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်တွင် ‌အမှတ် (၄)လမ်းဆုံ လုံခြုံရေးဂိတ် ၊ ဒုတိယအကြိမ်တွင် မှော်ဘီမြို့မရဲစခန်း နှင့် တတိယအကြိမ်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။