Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီတွင် ဓားဖြင့်ထိုး၍ဆိုင်ကယ်လုထွက်ပြေးစဥ် ခရီးသွားယာဥ်တစ်စီးမှ ကားဖြင့်တိုက်ပြီး တရားခံကိုဖမ်းပေး

ဖြစ်စဥ်မှာ ယမန်နေ့ (ဇူလိုင် ၂၇ ရက်)နံနက် ၁၁နာရီခွဲက အမှတ် (၄)လမ်းမကြီး အေသုံးလုံး အမှတ် (၂)တံတားအနီး သာယာကုန်းကျေးရွာမှ လူငယ်တစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဥ် အမည်မသိ လူနှစ်ဦးက ဓားဖြင့်ထိုးကာ ဆိုင်ကယ် လုယူမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အမှတ်(၄)လမ်းမကြီးတွင် ဆိုင်ကယ်မောင်း နှင်လာသူကို အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူစဥ် အိမ်စီးကားဖြင့် ခရီးသွားပြည်သူတစ်ဦးက ကားနှင့်လိုက်တိုက်ပြီး တရားကို ဖမ်းစီးပေးခဲ့ကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယမန်နေ့ (ဇူလိုင် ၂၇ ရက်)နံနက် ၁၁နာရီခွဲက အမှတ် (၄)လမ်းမကြီး အေသုံးလုံး အမှတ် (၂)တံတားအနီး သာယာကုန်းကျေးရွာမှ လူငယ်တစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဥ် အမည်မသိ လူနှစ်ဦးက ဓားဖြင့်ထိုးကာ ဆိုင်ကယ် လုယူမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါကဲ့သို့ ဆိုင်ကယ်လုယူသည်ကို ခရီးသွားယာဥ်တစ်စီးက လှမ်းမြင် လိုက်ပြီး ဆိုင်ကယ်လုယက်သူများ မောင်းနှင်ထွက်ပြေးမည့်ဆဲဆဲတွင် ၎င်း၏ကားဖြင့် ဝင်တိုက်ကာ တရားခံအား ဖမ်းဆီးပေးခဲ့ခြင်းဖြစ်သည်ဟု ဓားဖြင့်ထိုးခံရသည့်ဆိုင်ကယ်ပိုင်ရှင်၏ ပြောစကားကို ကိုးကားပြီး မြို့မလူမှုကူညီရေးအသင်းက ဖော်ပြသည်။

ထို့နောက် ၎င်းတို့အသင်းထံ အရေးပေါ်ကားအကူအညီတောင်းသဖြင့် သွားရောက်ခဲ့ရာ ဓားထိုးခံထားရသော လူငယ်နှင့် ဆိုင်ကယ်ခိုးယူပြေးမည်ပြုစဥ် ကားဖြင့်တိုက်ခံရသည့် လူနာတစ်ဦးတို့အား တွေ့ရှိရပြီး ယင်းလူနာနှစ်ဦးကို မှော်ဘီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“သတိနှင့် နေထိုင်သွားလာကြပါ”ဟု မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)က ပြည်သူများအား သတိပေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့ညနေပိုင်းကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ နယ်တွင် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအာကာမိုးကိုကိုဆိုသူသည် အလုပ်မှကုမ္ပဏီပိုင်ကားဖြင့် ပြန်လာစဥ်အမည်မသိလူတစ်စီးက ကားတံခါးဖွင့်ကာ ပစ္စည်းများလုယူခဲ့သည့်အပြင်လူကိုပါသတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။