Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် ချောင်းဦးရှိ လမ်းပိုင်း ၃ ခုယာယီပိတ်

လမ်းပိုင်းယာယီပိတ်ထားသောလမ်းများသည် စစ်ကောင်စီတပ်များ မကြာခဏဖြတ်သန်းကာ လမ်းတစ်လျှောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီး မွှေနှောက်လေ့ရှိသည်။

(ချောင်းဦးမြို့တွင်း မုံရွာ-ချောင်းဦးလမ်းပိုင်းအားတွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(ချောင်းဦးမြို့တွင်း မုံရွာ-ချောင်းဦးလမ်းပိုင်းအားတွေ့ရစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာ-ချောင်းဦးလမ်းအပါအဝင် လမ်းပိုင်း၃ ခုအား ယနေ့ညနေပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

လမ်းပိုင်းယာယီပိတ်သည့်သတိပေးချက်ကိုယနေ့(အောက်တိုဘာလ ၁၂ ရက်) ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မုံရွာနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-ချောင်းဦး လမ်းပိုင်း၊ မုံရွာ – အမြင့်လမ်းပိုင်း၊ ခင်မွန် – ရွှေဒါးကျ (ချောင်းဆုံ) လမ်းပိုင်းများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ် ကြေညာချက် တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမ မခံပါကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦး PDFက မေတ္တာရပ်ခံထားသည်။

လမ်းပိုင်းယာယီပိတ်ထားသောလမ်းများသည် စစ်ကောင်စီတပ်များ မကြာခဏဖြတ်သန်းကာ လမ်းတစ်လျှောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီး မွှေနှောက်လေ့ရှိသည်။

“မနေ့က မုံရွာ-အမြင့်လမ်းက မအူကြီးကျေးရွာနဲ့ ရွှေစုံကျေးရွာတွေကို ဝင်မွှေသွားတယ်။ သားအမိနှစ်ယောက်လည်း အဖမ်းခံရတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညနေပိုင်းကလည်း မုံရွာ-ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။