Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပညာရေးသပိတ်ဦးဆောင်သူ ဆရာမတစ်ဦးကို ထောင် ၈ နှစ်ချထား

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်
မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင် ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံထားရပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ကျခံထားရတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ အောက်တိုဘာလ ကုန်ပိုင်းက ဆရာမ ဒေါ်သက်ဆုလှိုင်အပါအဝင်အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက အဖွဲ့ဝင်အချို့ကို မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ DKBA တပ်ဖွဲ့ရဲ့ ကင်းစခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဘိလပ်မြေဖျော်တဲ့သူ​တွေ၊ အုတ်ထမ်းတဲ့သူတွေ၊သံချောင်းတွေနေရာရွှေ့သူ​တွေ၊ အုတ်စီတဲ့သူ​တွေနဲ့ ကိုယ်စီအလုပ်ရှုပ်​နေကြပါတယ်။အဲဒီဆောက်လုပ်ရေးလုပ်သား​တွေထဲမှာ အသက်၁၇ နှစ် အရွယ် ဖြိုးကျော်လည်းပါဝင်ပါတယ်။

ဆောင်းပါး

ဗုံးခိုကျင်းတွေကြားမှာ ဆက်လက်သင်ယူနေတဲ့ မြန်မာကလေးများ၏ ပညာရေး

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။