Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ပညာရေးသပိတ်ဦးဆောင်သူ ဆရာမတစ်ဦးကို ထောင် ၈ နှစ်ချထား

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်
မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင် ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံထားရပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ကျခံထားရတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ အောက်တိုဘာလ ကုန်ပိုင်းက ဆရာမ ဒေါ်သက်ဆုလှိုင်အပါအဝင်အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက အဖွဲ့ဝင်အချို့ကို မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

ဆောင်းပါး

စစ်အတွင်းကာလဖြစ်နေသည်ကို မေ့လျော့နေပုံရသည့်မန္တလေးသည် သီတင်းကျွတ်ပွဲတော်များဖြင့် အုန်းအုန်းထခဲ့ပြီးနောက် ၁၀၂၇၏ နှုတ်ဆက်မှုကြောင့် မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရုတ်ချည်းငြိမ်သက်သွား​တော့ သည်။

သတင်း

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။