Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပညာရေးသပိတ်ဦးဆောင်သူ ဆရာမတစ်ဦးကို ထောင် ၈ နှစ်ချထား

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်
မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင် ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံထားရပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ကျခံထားရတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ အောက်တိုဘာလ ကုန်ပိုင်းက ဆရာမ ဒေါ်သက်ဆုလှိုင်အပါအဝင်အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက အဖွဲ့ဝင်အချို့ကို မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

Facebook