Connect with us

Hi, what are you looking for?

သတင်း

KNUခေါင်းဆောင်မှု ပြန်လည်ရွေးချယ်မည့် ညီလာခံ လာမည့်နှစ်လခွဲအတွင်းမဖြစ်မနေ ကျင်းပရမည်

လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရန် သတ်မှတ်ထားသည့် KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

(၁၆)ကြိမ်မြောက် KNUညီလာခံကို ၂၀၁၇က ကျင်းပနေစဥ်၊ ဓာတ်ပုံ - KNU
(၁၆)ကြိမ်မြောက် KNUညီလာခံကို ၂၀၁၇က ကျင်းပနေစဥ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်မည့် (၁၇)ကြိမ်မြောက် KNUညီလာခံကို ၂၀၂၂ နှစ်မကုန်မီ ကျင်းပရမည်ဖြစ်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ ပြောကြားသည်။

လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရန် သတ်မှတ်ထားသည့် KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ လေးနှစ်တစ်ခါလုပ်တဲ့ ကွန်ဂရက်က ရွှေ့ဆိုင်းမယ်ဆိုရင် အထူးအခြေအနေအောက်မှာ ခုဏပြောတဲ့အထူးအခြေအနေတစ်ခုအောက်မှာ ရွှေ့ဆိုင်းမယ်ဆိုရင်တောင် နှစ်နှစ်ထက်ပိုပြီး မရွှေ့ဆိုင်းရဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရွှေဆိုင်းတာ နှစ်နှစ်ပြည့်သွားပြီ ၂၀၂၂ကုန်ရင်။ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၂ မကုန်ခင် အတက်နိုင်ဆုံး ကြိုးစားပြီး လုပ်သွားရမှာ။ အဲဒီလောက်ပဲ ပြောလို့ရမယ်။ ရက်အတိအကျ ကျွန်တော်တို့ ပြောလို့မရဘူး”ဟု ပဒိုစောတောနီးက ပြောကြားသည်။

KNU ညီလာခံကျင်းပပါက ခရိုင် ခုနစ်ခု၊ တပ်မဟာ ခုနစ်ခုမှ စေလွှတ်သည့် ခေါင်းဆောင်များ တက်ရောက်ရမည် ဖြစ်သည်။ လက်ရှိတွင် ခရိုင်အများစု၌ စစ်ကောင်စီနှင့် KNU လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိသကဲ့သို့ စစ်ကောင်စီတပ်က KNU နယ်မြေအတွင်းလေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ ညီလာခံ ကျင်းပရာ၌ လုံခြုံရေး ကိစ္စသည် စိန်ခေါ်မှု ကြီးကြီးမားမားရှိနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ဥက္ကဋ္ဌ သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ထားသူဖြစ်သည်။ အဖွဲ့၏ ဒုဥက္ကဋ္ဌမှာ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ်မှာ ပဒိုစောတာဒိုမူး တို့ဖြစ်သည်။ KNU ညီလာခံတွင်အဖွဲ့၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ဗဟိုအမြဲတမ်းကော်မတီဝင်များရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးအပါအဝင် ဌာနဆိုင်ရာ တာဝန်ခံများ တာဝန်ပေးအပ်ခြင်းတို့ လုပ်ဆောင်လေ့ရှိပြီး ညီလာခံ ကာလမှ လနှင့်ချီ ကြာမြင့်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။