Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေ စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၉ဦး အရှင်ဖမ်းမိ

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KNU ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Saw Kyaw/FB
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Saw Kyaw/FB

▪️လက်နက်ခဲယမ်းများရ၊ စစ်ကောင်စီတပ် သေဆုံးမှုများလည်းရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့သည်ဟု KNUနှင့်နီးစပ်သည် ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

“မနေ့ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ သုံ့ပန်း ၁၉ယောက်မိတယ်။ အဲဒီတပ်မဟာ(၆) မှာဖြစ် တာက တစ်ည နှစ်ညရှိတာပဲ။ ထူးခြားမှုရှိတာက မနေ့ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲမှာတော့ သုံ့ပန်း ၁၉ ယောက်မိတယ်။ နောက် လက်နက်ခဲယမ်းတွေရတယ်။ ရန်သူ အသေအပျောက်လည်းရှိတယ်” ဟု ၎င်းက ပြောသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KNU ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNLA နှင့်အတူ နဂါးနီစစ်ကြောင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KNLA တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ် ကြောင်းမှ ဒုစစ်ကြောင်းမှူး စောကော်ကလည်း “ဟိုဘက်အခြမ်းက အားရစရာလေးများ” ဟု ရေးသားကာ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံတွင် လက်နက် ၂ဒါဇင်နီးပါး သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်း တပ်မဟာ (၆)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း ၃ခုကို KNLAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို