Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆)နယ်မြေ စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၉ဦး အရှင်ဖမ်းမိ

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KNU ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Saw Kyaw/FB
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - Saw Kyaw/FB

▪️လက်နက်ခဲယမ်းများရ၊ စစ်ကောင်စီတပ် သေဆုံးမှုများလည်းရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့သည်ဟု KNUနှင့်နီးစပ်သည် ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

“မနေ့ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ သုံ့ပန်း ၁၉ယောက်မိတယ်။ အဲဒီတပ်မဟာ(၆) မှာဖြစ် တာက တစ်ည နှစ်ညရှိတာပဲ။ ထူးခြားမှုရှိတာက မနေ့ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲမှာတော့ သုံ့ပန်း ၁၉ ယောက်မိတယ်။ နောက် လက်နက်ခဲယမ်းတွေရတယ်။ ရန်သူ အသေအပျောက်လည်းရှိတယ်” ဟု ၎င်းက ပြောသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KNU ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNLA နှင့်အတူ နဂါးနီစစ်ကြောင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

KNLA တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ် ကြောင်းမှ ဒုစစ်ကြောင်းမှူး စောကော်ကလည်း “ဟိုဘက်အခြမ်းက အားရစရာလေးများ” ဟု ရေးသားကာ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံတွင် လက်နက် ၂ဒါဇင်နီးပါး သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်း တပ်မဟာ (၆)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း ၃ခုကို KNLAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။