Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUခေါင်းဆောင်မှု ပြန်လည်ရွေးချယ်မည့် ညီလာခံ လာမည့်နှစ်လခွဲအတွင်းမဖြစ်မနေ ကျင်းပရမည်

လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရန် သတ်မှတ်ထားသည့် KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

(၁၆)ကြိမ်မြောက် KNUညီလာခံကို ၂၀၁၇က ကျင်းပနေစဥ်၊ ဓာတ်ပုံ - KNU
(၁၆)ကြိမ်မြောက် KNUညီလာခံကို ၂၀၁၇က ကျင်းပနေစဥ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်မည့် (၁၇)ကြိမ်မြောက် KNUညီလာခံကို ၂၀၂၂ နှစ်မကုန်မီ ကျင်းပရမည်ဖြစ်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ ပြောကြားသည်။

လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရန် သတ်မှတ်ထားသည့် KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ လေးနှစ်တစ်ခါလုပ်တဲ့ ကွန်ဂရက်က ရွှေ့ဆိုင်းမယ်ဆိုရင် အထူးအခြေအနေအောက်မှာ ခုဏပြောတဲ့အထူးအခြေအနေတစ်ခုအောက်မှာ ရွှေ့ဆိုင်းမယ်ဆိုရင်တောင် နှစ်နှစ်ထက်ပိုပြီး မရွှေ့ဆိုင်းရဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရွှေဆိုင်းတာ နှစ်နှစ်ပြည့်သွားပြီ ၂၀၂၂ကုန်ရင်။ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၂ မကုန်ခင် အတက်နိုင်ဆုံး ကြိုးစားပြီး လုပ်သွားရမှာ။ အဲဒီလောက်ပဲ ပြောလို့ရမယ်။ ရက်အတိအကျ ကျွန်တော်တို့ ပြောလို့မရဘူး”ဟု ပဒိုစောတောနီးက ပြောကြားသည်။

KNU ညီလာခံကျင်းပပါက ခရိုင် ခုနစ်ခု၊ တပ်မဟာ ခုနစ်ခုမှ စေလွှတ်သည့် ခေါင်းဆောင်များ တက်ရောက်ရမည် ဖြစ်သည်။ လက်ရှိတွင် ခရိုင်အများစု၌ စစ်ကောင်စီနှင့် KNU လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိသကဲ့သို့ စစ်ကောင်စီတပ်က KNU နယ်မြေအတွင်းလေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ ညီလာခံ ကျင်းပရာ၌ လုံခြုံရေး ကိစ္စသည် စိန်ခေါ်မှု ကြီးကြီးမားမားရှိနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ဥက္ကဋ္ဌ သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ထားသူဖြစ်သည်။ အဖွဲ့၏ ဒုဥက္ကဋ္ဌမှာ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ်မှာ ပဒိုစောတာဒိုမူး တို့ဖြစ်သည်။ KNU ညီလာခံတွင်အဖွဲ့၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ဗဟိုအမြဲတမ်းကော်မတီဝင်များရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးအပါအဝင် ဌာနဆိုင်ရာ တာဝန်ခံများ တာဝန်ပေးအပ်ခြင်းတို့ လုပ်ဆောင်လေ့ရှိပြီး ညီလာခံ ကာလမှ လနှင့်ချီ ကြာမြင့်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။