Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ညောင်လေးပင် မြို့နယ်ရှိ အုပ်ကြီးများအား ပစ်ခတ်တိုက်ခိုက်

အုပ်ချုပ်ရေးမှူး ဦးနေဝင်းသည် စစ်ကောင်စီအားကိုးဖြင့် ပြည်သူလူထုအပေါ် နည်းမျိုးစုံ ဗိုလ်ကျဖိနှိပ် ခြိမ်းခြောက်ခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲအဖွဲ့က ဆို သည်။

'နန်းထိုက်အောင် စစ်ဆင်ရေး'
'နန်းထိုက်အောင် စစ်ဆင်ရေး'

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် မြို့ပြပြောက် ကျားတပ်ဖွဲ့များက ညောင်လေးပင်မြို့နယ်ရှိ ဂျောင်းတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကောက်ကွေ့ကျေးရွာ အုပ်ချုပ်ရေးမှူးတို့အား ယမန်နေ့ (အောက်တိုဘာ ၂၁)က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာ‌ ကျေးရွာအုပ်စုရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအား ယမန်နေ့ (အောက်တိုဘာ ၂၀)နေ့လယ် ၂နာရီခွဲခန့်တွင် အင်းဝိုင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်ကြီး မြို့ပြ​ပြောက်ကျား ဗိုလ်မိုက်ခဲ အဖွဲ့က အသိပေးသည်။

အုပ်ချုပ်ရေးမှူး ဦးနေဝင်းသည် စစ်ကောင်စီအားကိုးဖြင့် ပြည်သူလူထုအပေါ် နည်းမျိုးစုံ ဗိုလ်ကျဖိနှိပ် ခြိမ်းခြောက်ခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲအဖွဲ့က ဆို သည်။

“အုပ်ချုပ်ရေးမှူး နေဝင်းက ဆိုင်ကယ်နဲ့ ရုံးကနေ အိမ်ကို ပြန်လာတဲ့အချိန် သေနတ်နဲ့ ပစ်ခံလိုက်ရတာပါ။ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ် “ဟု ညောင်လေးပင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၂၀ရက်) ည ၈နာရီတွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဗိုလ်မိုက်ခဲ ဦးဆောင်သည့် ကျောက်ကြီးမြို့ပြပြောက်ကျားအဖွဲ့က စစ်ကောင်စီဝင်များ တပ်စွဲထားသည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကောက်ကွေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်း၏ နေအိမ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF က ဖော်ပြခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင်အချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်းနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်ခဲ့သည်။

” ညက ကောက်ကွေ့ကျေးရွာဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ဒီမနက်ထဲက ညောင်လေးပင်ဘက်က ရွာတွေကို စစ်ကားတွေ တောက်လျောက်ပတ်နေပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ မရှိတော့ မသိရသေးပါဘူး “ဟု ​ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက် ကျားအဖွဲ့များအနေဖြင့် နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ ထောက်တိုင်များကို ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း Bago Region PDF က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။