Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ညောင်လေးပင် မြို့နယ်ရှိ အုပ်ကြီးများအား ပစ်ခတ်တိုက်ခိုက်

အုပ်ချုပ်ရေးမှူး ဦးနေဝင်းသည် စစ်ကောင်စီအားကိုးဖြင့် ပြည်သူလူထုအပေါ် နည်းမျိုးစုံ ဗိုလ်ကျဖိနှိပ် ခြိမ်းခြောက်ခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲအဖွဲ့က ဆို သည်။

'နန်းထိုက်အောင် စစ်ဆင်ရေး'
'နန်းထိုက်အောင် စစ်ဆင်ရေး'

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် မြို့ပြပြောက် ကျားတပ်ဖွဲ့များက ညောင်လေးပင်မြို့နယ်ရှိ ဂျောင်းတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကောက်ကွေ့ကျေးရွာ အုပ်ချုပ်ရေးမှူးတို့အား ယမန်နေ့ (အောက်တိုဘာ ၂၁)က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာ‌ ကျေးရွာအုပ်စုရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအား ယမန်နေ့ (အောက်တိုဘာ ၂၀)နေ့လယ် ၂နာရီခွဲခန့်တွင် အင်းဝိုင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်ကြီး မြို့ပြ​ပြောက်ကျား ဗိုလ်မိုက်ခဲ အဖွဲ့က အသိပေးသည်။

အုပ်ချုပ်ရေးမှူး ဦးနေဝင်းသည် စစ်ကောင်စီအားကိုးဖြင့် ပြည်သူလူထုအပေါ် နည်းမျိုးစုံ ဗိုလ်ကျဖိနှိပ် ခြိမ်းခြောက်ခြင်းများကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲအဖွဲ့က ဆို သည်။

“အုပ်ချုပ်ရေးမှူး နေဝင်းက ဆိုင်ကယ်နဲ့ ရုံးကနေ အိမ်ကို ပြန်လာတဲ့အချိန် သေနတ်နဲ့ ပစ်ခံလိုက်ရတာပါ။ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ် “ဟု ညောင်လေးပင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၂၀ရက်) ည ၈နာရီတွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဗိုလ်မိုက်ခဲ ဦးဆောင်သည့် ကျောက်ကြီးမြို့ပြပြောက်ကျားအဖွဲ့က စစ်ကောင်စီဝင်များ တပ်စွဲထားသည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကောက်ကွေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်း၏ နေအိမ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF က ဖော်ပြခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင်အချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်းနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်ခဲ့သည်။

” ညက ကောက်ကွေ့ကျေးရွာဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ဒီမနက်ထဲက ညောင်လေးပင်ဘက်က ရွာတွေကို စစ်ကားတွေ တောက်လျောက်ပတ်နေပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ မရှိတော့ မသိရသေးပါဘူး “ဟု ​ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက် ကျားအဖွဲ့များအနေဖြင့် နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ ထောက်တိုင်များကို ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း Bago Region PDF က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။