Connect with us

Hi, what are you looking for?

သတင်း

အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သော စစ်ကောင်စီလုပ်ရပ်များ ရပ်တန့်ရေး အမြန်ဆုံးအရေးယူရန် ကုလနှင့် နိုင်ငံတကာကို NUG တောင်းဆို

လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် NUG က တိုက်တွန်းသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)

▪️အာဏာသိမ်းချိန်မှစ၍ စစ်တပ်က အရပ်သားများကိုပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု ၂၄၀ ကြိမ်နီးပါးပြုလုပ်ခဲ့ကာ ပြည်သူ ၂၀၀ကျော်သေဆုံးခဲ့ရဟု ထုတ်ပြန်

အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တန့်နိုင်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တောင်းဆိုလိုက်သည်။

(၆၂)နှစ်မြောက်ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့အထိမ်းအမှတ်ပွဲအကြို တေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုခဲ့ရာ ကချင်အနုပညာရှင်အချို့နှင့် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့မှုနှင့်ပတ်သက်၍ NUG က ကြေညာချက်ထုတ်ပြန်ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

NUG သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွင်း ကျဆုံးခဲ့ကြရသော တိုင်းရင်းသားပြည်သူများအတွက် များစွာဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ကျဆုံးခဲ့သူ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုပြန်လည်ရရှိရေး ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများ နှင့် အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။

အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သော လေကြောင်းတိုက်ခိုက်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် NUG က တိုက်တွန်းသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ တိုင်းရင်းသား နယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ(၂၀၀)ကျော် သေဆုံးခဲ့ရကာ ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း NUGက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။