Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်ရှိ ပြည်သူ့ဆေးရုံနှစ်ခုအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု NUG ကျန်းမာရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက် လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးနေသော ဆေးရုံအား တွေ့ရစဉ်)
(စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်ပြီးနောက် ပျက်စီးနေသော ဆေးရုံအား တွေ့ရစဉ်)

▪️ကျန်းမာရေးလုပ်သားများကို သတ်ဖြတ်ခြင်းအပါအဝင် ကျန်းမာရေးကဏ္ဍအား ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ကောင်စီကို ဖြစ်နိုင်သည့်နည်းဖြင့်အရေးယူရန် နိုင်ငံတကာအား တိုက်တွန်း

အရပ်သားပြည်သူများ သေဆုံးထိခိုက်မှု ဖြစ်ပေါ် စေခဲ့သည့် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှ ပြည်သူ့ဆေးရုံ နှစ်ခုအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၂၀ရက်တွင် ဗန်းမောက်မြို့နယ် မံယူးကြီးရွာရှိ ကိုယ်ထူကိုယ်ထ ဆေးရုံ ကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၁ရက်တွင် ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှ ပြည်သူ့ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာနှင့် ခန်းမတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အဆိုပါ ဖြစ်စဉ် နှစ်ခုတွင် ပြည်သူနှစ်ဦး သေဆုံးပြီး ၁၂ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ယခုနှစ် ဩဂုတ်ကုန်ပိုင်းအထိ ကျန်းမာရေးလုပ်သား (၅၈)ဦးကို စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးလုပ်သား (၇၀၀)ကျော်ကို ဖမ်းဆီးညှဉ်းပန်းခဲ့သည့်အပြင် ဆေးရုံ၊ဆေးခန်း (၅၀) ကျော်နှင့် လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၂၂၈၆)အပါအဝင် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက် လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများ၊ အပြစ်မဲ့ပြည်သူများ၏ မိသားစုများ နှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook