Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းပိုင်း ယာယီပိတ်

အဆိုပါလမ်းပိုင်းနှင့်ပတ်သက်၍ မုံရွာခရိုင်အခြေစိုက် God Of Monywa အဖွဲ့က ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းတွင် အရေးပေါ်သတိပေးထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်
မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသွားအလာများနေ၍ ပြည်သူများအနေဖြင့် သွားလာခြင်းမပြုကြရန် God Of Monywa အဖွဲ့က သတိပေးသည်။

အဆိုပါလမ်းပိုင်းနှင့်ပတ်သက်၍ မုံရွာခရိုင်အခြေစိုက် God Of Monywa အဖွဲ့က ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်ပိုင်းတွင် အရေးပေါ်သတိပေးထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ် များ ခြေရှုပ်နေပါသဖြင့် ယခုချိန်မှစ၍ အဆိုပါလမ်းပိုင်းအား အရေးပေါ်အခြေအနေမှလွဲ၍ လုံးဝအသုံးမပြုကြရန် God Of Monywa အဖွဲ့က မေတ္တာရပ်ခံထားသည်။

အိမ်စီးကားများမှန်ချမောင်းနှင်ရန်နှင့် တွဲကားများ မိုးကာမအုပ်ဘဲ မောင်းနှင်ရန်ထပ်မံမေတ္တာရပ်ခံထားပြီး ပြန်လည်အသုံးပြုရမည့်အချိန်ကို ထုတ်ပြန်ကြေညာပေးမည်ဟု God Of Monywa အဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း ထီးဆောင်း – အရာတော်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။