Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းပိုင်း ယာယီပိတ်

အဆိုပါလမ်းပိုင်းအပြင် စစ်ကိုင်း – မုံရွာလမ်းပိုင်း၊ စစ်ကိုင်း -ရွှေဘိုလမ်းပိုင်းများ၌ နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သွားလာကြရန်၊ ည ၈ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းလုံးဝမပြုရန် ဒေသကာကွယ် ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်
မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် ၇ခန့်မှစတင် ကာ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ​​ခြေရှုပ်နေသဖြင့် ယခုအချိန်မှစ၍ အဆိုပါလမ်းပိုင်းအား အရေးပေါ်ကိစ္စမှအပ အသုံးမပြုကြပါရန် God Of Monywa အဖွဲ့က မေတ္တာရပ်ခံသည်။

မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်
မုံရွာ – အရာတော်လမ်းပိုင်း ယာယီပိတ်

ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထုတ်ပြန် ကြေညာပေးမည်ဟု ဆိုသည်။

အဆိုပါလမ်းပိုင်းအပြင် စစ်ကိုင်း – မုံရွာလမ်းပိုင်း၊ စစ်ကိုင်း -ရွှေဘိုလမ်းပိုင်းများ၌ နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သွားလာကြရန်၊ ည ၈ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းလုံးဝမပြုရန် ဒေသကာကွယ် ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သတ်မှတ်တားမြစ်ထားသည့်အချိန် ကျန်းမာရေးအရ အရေးပေါ်သွားလာမှု ပြုလုပ်လိုလျှင် သက်ဆိုင်ရာနယ်မြေဒေသအဖွဲ့အစည်းများကို အသိပေးပြီးမှသာ ဖြတ်သန်းကြရန်နှင့်စစ်ကောင် စီကားများအား ကပ်လိုက်ခြင်း၊ စစ်ကောင်စီတပ်သားများတင်ဆောင် ခြင်း၊ စစ်ကောင်စီထောက်ပို့ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုလုပ်ရန် အထူးသတိပေးထားသည်။

ထို့အပြင် မည်သည့်ကားမဆို မှန်ချမောင်းနှင်ရန် နှင့် မလိုအပ်ဘဲ မိုးကာအုပ်ခြင်းမပြုရန်၊ စစ်ရေးအခြေအနေအရ လမ်းအသုံးမပြုရန် တားမြစ်သည့်အချိန်၌ အတိအကျလိုက်နာပေးကြရန် ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။