Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – အရာတော်လမ်းပိုင်း ယာယီပိတ်

အဆိုပါလမ်းပိုင်းအပြင် စစ်ကိုင်း – မုံရွာလမ်းပိုင်း၊ စစ်ကိုင်း -ရွှေဘိုလမ်းပိုင်းများ၌ နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သွားလာကြရန်၊ ည ၈ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းလုံးဝမပြုရန် ဒေသကာကွယ် ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်
မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် ၇ခန့်မှစတင် ကာ မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ​​ခြေရှုပ်နေသဖြင့် ယခုအချိန်မှစ၍ အဆိုပါလမ်းပိုင်းအား အရေးပေါ်ကိစ္စမှအပ အသုံးမပြုကြပါရန် God Of Monywa အဖွဲ့က မေတ္တာရပ်ခံသည်။

မုံရွာ - အရာတော်လမ်းပိုင်း ယာယီပိတ်
မုံရွာ – အရာတော်လမ်းပိုင်း ယာယီပိတ်

ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ထုတ်ပြန် ကြေညာပေးမည်ဟု ဆိုသည်။

အဆိုပါလမ်းပိုင်းအပြင် စစ်ကိုင်း – မုံရွာလမ်းပိုင်း၊ စစ်ကိုင်း -ရွှေဘိုလမ်းပိုင်းများ၌ နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သွားလာကြရန်၊ ည ၈ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းလုံးဝမပြုရန် ဒေသကာကွယ် ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သတ်မှတ်တားမြစ်ထားသည့်အချိန် ကျန်းမာရေးအရ အရေးပေါ်သွားလာမှု ပြုလုပ်လိုလျှင် သက်ဆိုင်ရာနယ်မြေဒေသအဖွဲ့အစည်းများကို အသိပေးပြီးမှသာ ဖြတ်သန်းကြရန်နှင့်စစ်ကောင် စီကားများအား ကပ်လိုက်ခြင်း၊ စစ်ကောင်စီတပ်သားများတင်ဆောင် ခြင်း၊ စစ်ကောင်စီထောက်ပို့ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုလုပ်ရန် အထူးသတိပေးထားသည်။

ထို့အပြင် မည်သည့်ကားမဆို မှန်ချမောင်းနှင်ရန် နှင့် မလိုအပ်ဘဲ မိုးကာအုပ်ခြင်းမပြုရန်၊ စစ်ရေးအခြေအနေအရ လမ်းအသုံးမပြုရန် တားမြစ်သည့်အချိန်၌ အတိအကျလိုက်နာပေးကြရန် ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။