Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်တိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်
ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်

စစ်ကောင်စီကို ဖယ်ရှားအရေးယူနိုင်ရေးကူညီပေးရန် ကုလနှင့် နိုင်ငံတကာကို မေတ္တာရပ်ခံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပ ရှိ တေးဂီတဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ရခြင်းအပေါ် ကချင်တိုင်းရင်းသားပြည်သူများနှင့်ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်
ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်

အောက်တိုဘာ ၂၃ ရက်ညက အနန့်ပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းတွင် ပညာသင်ယူနေသော လူမမယ် ကျောင်းသား၊ လူငယ်လေးများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သကဲ့သို့ပင် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ကြောင်း ထင်ရှားသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တိုင်းရင်းသား၊ ပြည်သူလူထုများအား အင်အားအလွန်အကျွံသုံး အကြမ်းဖက်သတ်ဖြတ်မှုများကို နေ့စဉ်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှား၊ အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာခေါင်းဆောင်များ အနေဖြင့် တိုင်းရင်းသား၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက် ပေးရန်NLDက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။