Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်ခံရသည့် အနန့်ပါဒေသသည် KIAစခန်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က မင်းအောင်လှိုင်ကို ရည်ညွှန်းအသိပေး

အနန့်ပါဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားသည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ - Gunmaw Sumlut/FB

“အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ”— ဗိုလ်ချုပ်ဂွန်မော်

အကြမ်းစစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်ခဲ့သည့် ဖားကန့်မြို့နယ် အနန့်ပါဒေသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်က ယနေ့ မွန်းလွဲပိုင်း၌ ၎င်း၏ Facebookမှတစ်ဆင့် အသိပေးပြီး စာပါအကြောင်းအရာများကို စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို မိတ္တူပေးကြောင်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ – Gunmaw Sumlut/FB

စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့သည့် နေရာသည် ခရီးသွားများခေတ္တနားကြသည့် စျေးဆိုင်တန်းစခန်းငယ်လေးသာဖြစ်ကြောင်း၊ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ကြောင်း၊ ယခု အနန့်ပါ သို့လာရောက်သော ပြည်သူလူထုများ ဒေသခံများကို စစ်ကောင်စီမှ ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်၏ စာ၌ ဖော်ပြထားသည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ – Gunmaw Sumlut/FB

“လူငယ်များကို အခွင့်ကြုံတိုင်း ဘ၀မှာ ပြုပြင်လို့မရနိုင်မည့် အမှားများ မလုပ်မိဖို့ ပြောလေ့ရှိပေမယ့် ဒီလို အမှားများကို လုပ်သူတွေက လူကြီးတွေဘဲ ဖြစ်နေပါတယ်”ဟု ဗိုလ်ချုပ်ဂွန်မော်က မင်းအောင်လှိုင်ကို မိတ္တူပေးသည့် စာ၌ရေးသားထားသည်။

Public Service Announcement
Public Service Announcement

အနန့်ပါဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ – Gunmaw Sumlut/FB

“မိသားစုအားလုံးနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါတယ်။ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ”ဟု ဗိုလ်ချုပ်ဂွန်မော်က ရေးသားခဲ့သည်။

KIO အထိမ်းအမှတ်နေ့ အခမ်းအနားအကြို ဂီတပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က အနန့်ပါ ဒေသကို အောက်တိုဘာ ၂၃ရက်ညပိုင်း၌ လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အနုပညာရှင်များ၊ ပြည်သူလူထုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ KIO စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ သေဆုံးထိခိုက်ရပြီး ယခုအချိန်ထိ ရုပ်အလောင်း ၆၀ တွေ့ရှိထားကာ ဒဏ်ရာရသူ ၅၅ဦးနှင့် ပျောက်ဆုံးနေသူများ ရှိကြောင်း KIAက အတည်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။