Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်တိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်
ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်

စစ်ကောင်စီကို ဖယ်ရှားအရေးယူနိုင်ရေးကူညီပေးရန် ကုလနှင့် နိုင်ငံတကာကို မေတ္တာရပ်ခံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပ ရှိ တေးဂီတဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ရခြင်းအပေါ် ကချင်တိုင်းရင်းသားပြည်သူများနှင့်ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်
ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကချင်းတိုင်းရင်းသားများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း NLDထုတ်ပြန်

အောက်တိုဘာ ၂၃ ရက်ညက အနန့်ပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းတွင် ပညာသင်ယူနေသော လူမမယ် ကျောင်းသား၊ လူငယ်လေးများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သကဲ့သို့ပင် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ကြောင်း ထင်ရှားသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တိုင်းရင်းသား၊ ပြည်သူလူထုများအား အင်အားအလွန်အကျွံသုံး အကြမ်းဖက်သတ်ဖြတ်မှုများကို နေ့စဉ်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှား၊ အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာခေါင်းဆောင်များ အနေဖြင့် တိုင်းရင်းသား၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက် ပေးရန်NLDက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။