Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ ခရီးသည်တင်ကားမှောက်လို့ ၃ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

ကားပေါ်မှာ ခရီးသည် ၁၇ ဦးလိုက်ပါလာတာဖြစ်ပြီး သေဆုံးသူ ၃ ဦးဟာအမျိုးသားတွေဖြစ်ပါတယ်။

အမြန်လမ်းတစ်နေရာကိုတွေ့ရစဉ်။ ဓာတ်ပုံ − ဝီကီ

ဒီနေ့မနက်ပိုင်း ၆ နာရီခွဲခန့်က ရန်ကုန် − မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၂၈ နားမှာ ခရီးသည်တင်ကားမှောက်လို့ ခရီးသည် ၃ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရသွားပါတယ်။

ကားပေါ်မှာ ခရီးသည် ၁၇ ဦးလိုက်ပါလာတာဖြစ်ပြီး သေဆုံးသူ ၃ ဦးဟာအမျိုးသားတွေဖြစ်ပါတယ်။

ဒဏ်ရာရသူ ၁၄ဦး စာရင်းမှာ အမျိုးသား ၁၀ဦး နဲ့ အမျိုးသမီး ၄ ဦးဖြစ်တယ်လို့သိရပါတယ်။

ဒဏ်ရာရသူ တွေဟာမစိုးရိမ်ရဘူးလို့သိရပြီး လူမှုကူညီရေးကားတွေနဲ့နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့လိုက်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။