Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီး ရွေးကောက်ပွဲမှာ သမ္မတဟောင်း လူလာက လက်ရှိသမ္မတကို အနိုင်ရ

နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို အလဲထိုးဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ သူဟာ ဒီနေရာမျိုးဆီ ပြန်ရောက်လာပြီလို့ အသက် ၇၇ နှစ်အရွယ် လူလာက ထောက်ခံသူတွေကို မိန့်ခွန်းပြောချိန်မှာ ကြွေးကြော်သွားပါတယ်။

ဘရာဇီး ရွေးကောက်ပွဲမှာ သမ္မတဟောင်း လူလာက လက်ရှိသမ္မတကို အနိုင်ရ
ဘရာဇီး ရွေးကောက်ပွဲမှာ သမ္မတဟောင်း လူလာက လက်ရှိသမ္မတကို အနိုင်ရ

ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ သမ္မတဟောင်း လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားဟာ လက်ရှိ သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုကို အနိုင်ရရှိသွားခဲ့ပါတယ်။

အောက်တိုဘာ ၃၀ က ဘရာဇီးရဲ့ လူသိအများဆုံး နိုင်ငံရေးသမားနှစ်ဦး ထိပ်တိုက် ရင်ဆိုင်တဲ့ပွဲမှာ လူလာက နှာတစ်ဖျား အသာစီး ရသွားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီး ရွေးကောက်ပွဲမှာ သူတို့ ၂ ဦးစလုံးက မဲအများဆုံး ရပေမယ့် လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့စည်းနိုင်လောက်အောင် ပြတ်သားတဲ့ ရလဒ်တော့ မပိုင်ဆိုင်ခဲ့ကြပါဘူး။

ဒါကြောင့် နှစ်ယောက်တည်း သီးသန့် ဒုတိယအဆင့် ယှဉ်ပြိုင်ကြရာမှာတော့ လူလာက ၅၀.၉ ရာခိုင်နှုန်းထိ ထောက်ခံမဲ ရရှိပြီး ကပ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၀၃ ကနေ ၂၀၁၀ ပြည့်နှစ်ထိ ဘရာဇီး သမ္မတ ရာထူးကို သက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ လူလာဟာ အဂတိ စွဲချက်တွေနဲ့ နာမည်ပျက်ခဲ့ပြီး တစ်နှစ်ကျော်လောက် ထောင်ကျခဲ့ပါတယ်။

နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို အလဲထိုးဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ သူဟာ ဒီနေရာမျိုးဆီ ပြန်ရောက်လာပြီလို့ အသက် ၇၇ နှစ်အရွယ် လူလာက ထောက်ခံသူတွေကို မိန့်ခွန်းပြောချိန်မှာ ကြွေးကြော်သွားပါတယ်။ လက်ဝဲယိမ်း သမ္မတရဲ့ အောင်ပွဲဟာ ဘော်ဆိုနာရိုကို အားပေးသူတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။ လက်ယာစွန်း ဝါဒစွဲ ဘော်လ်ဆိုနာရိုကို အားပေးသူ အများစုက လက်ရှိ သမ္မတပဲ ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရမယ်လို့ ယုံကြည်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဘော်လ်ဆိုနာရိုရဲ့ ထောက်ခံမဲ အင်အားက မနည်းတာကြောင့် လူလာ အနေနဲ့ လွှတ်တော်ထဲမှာ အတိုက်အခံ အားကောင်းတဲ့ တုံ့ပြန်မှုတွေကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ လူလာက ဘရာဇီး နိုင်ငံရေး အသိုက်အဝန်းကို ပိုမိုသွေးစည်းဖို့ တောင်းဆိုထားပေမယ့် လက်တွေ့မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကာလတွေကို ဖြတ်သန်းရလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လူလာဟာ လာမယ့်နှစ်၊ ဇန်နဝါရီ ၁ ရက်ကစပြီး သူ့ရဲ့ တတိယမြောက် သမ္မတသက်တမ်းကို စတင် ထမ်းဆောင်ရတော့မှာပါ။ သူဟာ ရွေးကောက်ပွဲ ကာလတလျှောက် မဲဆွယ်ချိန်မှာ ဘရာဇီးကို ပြန်လည် စည်းလုံးစေမယ်ဆိုတဲ့ ကြွေးကြော်မှုကို အဓိက လက်ကိုင်ပြုခဲ့ပြီး အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပါတီစွဲ မရှိသူတွေရဲ့ မဲအများစုက လူလာအတွက် ဖြစ်လာစေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လူလာရဲ့ အရင် သမ္မတ တာဝန်ယူခဲ့ချိန် ကာလတွေတုန်းက ဘရာဇီးပြည်သူ သန်းပေါင်းများစွာကို ဆင်းရဲတွင်းက လွတ်စေခဲ့တာကြောင့်လည်း သူ့ကို လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘရာဇီးဟာ ကိုဗစ်နောက်ဆက်တွဲ စီးပွားရေး ယိမ်းယိုင် ကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ စာရင်းတွေအရ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဘရာဇီး နိုင်ငံသား ၉ သန်းခွဲလောက်ဟာ ဝင်ငွေ သတ်မှတ်ချက်အရ လူမွဲစာရင်းထဲ ရောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးမှာ စွန့်စားမှု ခုံမင်သူတွေ အပျော်တမ်း ခုန်ချကြတဲ့ တံတားတစ်စင်းမှာ ဝန်ထမ်းတွေက လုံခြုံရေးကြိုး ချည်ဖို့ မေ့သွားလို့ အမျိုးသမီးငယ် တစ်ဦး ပြုတ်ကျ သေဆုံးသွားတဲ့ ဖြစ်စဉ်အပေါ် ရဲတွေက စုံစမ်းနေပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။