Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၀၂၀ ရွေးကောက်ပွဲကို တရုတ် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ထရမ့်ရဲ့ စွပ်စွဲချက်အပေါ် တရုတ်တုံ့ပြန်

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ - Xinhua

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

ထရမ့်ဟာ အရင်ကတည်းက ပြောဆိုဖူးပြီး အခြေအမြစ် ကင်းမဲ့တဲ့ စွပ်စွဲချက်တွေကို အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် အစပြန်ဖော်နေတာသာ ဖြစ်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ မတိုင်ခင်တုန်းက အိမ်ဖြူတော်မှာ ထရမ့်က ၂၀၂၀ ရွေးကောက်ပွဲကို တရုတ်က စွက်ဖက်ခဲ့တယ်လို့ နောက်တစ်ကြိမ် စွပ်စွဲ ပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ မဲပေးစနစ်တွေဟာ အန္တရာယ် များလောက်အောင် စိမ့်ဝင်ချိုးဖောက်တာ ခံနေရပြီလို့ သတိပေးခဲ့ပါတယ်။ သူက တရုတ်ဟာ အမေရိကန် မဲဆန္ဒရှင် သန်း ၂၂၀ ရဲ့ အချက်အလက်ဖိုင်တွေကို တရားမဝင် နည်းလမ်းတွေနဲ့ ရယူနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ထရမ့်ဟာ အမေရိကန်ရဲ့ ရွေးကောက်ပွဲ စနစ်ဟာ လိမ်လည် လှည့်ဖျားမှုတွေရဲ့ ခြိမ်းခြောက်မှုကို ကြီးကြီးမားမား ကြုံတွေ့နေကြောင်း အရင်ကတည်းက ဝေဖန်ထားဖူးပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ မဲပေးမှုနဲ့ ပတ်သက်လို့ ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ သတ်မှတ်သင့်ကြောင်း ထရမ့်က တိုက်တွန်းနေပေမယ့် ထောက်ခံမှုတော့ သိပ်မရခဲ့ပါဘူး။ သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီထဲက အမတ်တွေ ကိုယ်တိုင် ထရမ့်ရဲ့ စကားကို သဘောမတူကြပါဘူး။

Public Service Announcement

Public Service Announcement

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းကတော့ ထရမ့်ရဲ့ စွပ်စွဲမှုတွေဟာ အပုပ်ချရုံသက်သက် အခြေအမြစ် မရှိတဲ့ လုပ်ကြံ ဖန်တီးမှုတွေအဖြစ် တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

အမေရိကန်ဖက်က ပြောဆိုမှုတွေဟာ လုပ်ကြံဖန်တီးမှု သက်သက်နဲ့ ညစ်ပတ်တဲ့ အပုပ်ချမှုတွေသာ ဖြစ်ကြောင်း၊ အရင်ကတည်းက ဒီကြေညာချက်တွေဟာ အခြေအမြစ် ကင်းမဲ့တယ် ဆိုတာကို အကြိမ်ကြိမ် သက်သေပြထားပြီးသား ဖြစ်နေကြောင်း လင်က ဆိုပါတယ်။

အမေရိကန် ရွေးကောက်ပွဲကို တရုတ်က လုံးဝ စိတ်မဝင်စားကြောင်းနဲ့ ဘယ်တုန်းကမှလည်း ဝင်မစွက်ဖက်ခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်တတ်တဲ့ အကျင့်က ဘယ်သူ့ဆီမှာ ရှိသလဲ ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်းက သဘောပေါက်ထားပြီး ဖြစ်တယ်လို့လည်း သူက အမေရိကန်ကို ရည်ရွယ်ပြီး ထိုးနှက်ခဲ့ပါတယ်။

အမေရိကန် အနေနဲ့ တရုတ်အပေါ် အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ အပုပ်ချနေမယ့်အစား ကိုယ့်လုပ်ရပ်တွေအပေါ် ကိုယ်တိုင် ပြန်လည် သုံးသပ်သင့်ကြောင်း၊ အမေရိကန် ရွေးကောက်ပွဲ ကိစ္စမှာ တရုတ်ကို ဆွဲထည့်နေမယ့်အစား နှစ်နိုင်ငံ ကောင်းကျိုး ဖြစ်ထွန်းစေမယ့် ကိစ္စတွေကိုပဲ အာရုံစိုက်သင့်ကြောင်း လင်က ပြောဆိုသွားခဲ့ပါတယ်။

ထရမ့်က ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ လိမ်လည် လှည့်စားမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။ ဂျိုးဘိုင်ဒန်ကို သူက အရေးနိမ့်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်း ၆၀ လောက် တရားရေးအရ ရင်ဆိုင်ခဲ့တာတွေ ရှိခဲ့ပေမယ့်လည်း ရလဒ်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

မဲပြန်လည် ရေတွက်မှုတွေ၊ မဲစာရင်း စစ်ဆေးမှုတွေအပြင် သူ့အစိုးရ ထိန်းချုပ်ထားတဲ့ တရားရေး ဝန်ကြီးဌာနကိုယ်တိုင် စစ်ဆေးခဲ့တဲ့ ကိစ္စတွေမှာပါ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း ထရမ့်ရဲ့ စွပ်စွဲချက်ကို သက်သေပြနိုင်မယ့် ဘာအထောက်အထားမှ ရှာမတွေ့ခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။