Connect with us

Hi, what are you looking for?

သတင်း

S.R.Fကပျူ​​စောထီးစခန်းကိုဝင်တိုက် စစ်သားနှင့်ပျူ ၅ဦးထက်မနည်း​သေပြီး​သေနတ် ၃ လက်ရဟု​ပြော

တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများထံမှ သိမ်းဆည်းရရှိ​သော ​သေနတ် ၃ လက် ။ဓါတ်ပုံ-S.R.F)
(စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများထံမှ သိမ်းဆည်းရရှိ​သော ​သေနတ် ၃ လက် ။ဓါတ်ပုံ-S.R.F)

မင်းကင်းမြို့ အ​​နောက်​မြောက်ဘက် ၉ မိုင် ကျော်အကွာအ​ဝေးရှိ စစ်ကောင်စီ၏လက်​အောက်ခံပျူစောထီးရွာဖြစ်သောသေမသောက်ရွာရှိ ပျူစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ငါးဦးထက် မနည်းသေဆုံးကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှတာဝန်ရှိသူကပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင်တိုက်ခိုက်ခဲ့ရာပျူစောထီးစခန်းအတွင်းပိုင်းရှိ နေရာအချို့ကိုပါ စီးနင်းနိုင်ခဲ့ပြီး Carbine M-2 ​သေနတ်(၃)လက်နှင့်ကျည်အချို့ကိုပါသိမ်းဆည်းနိုင်ခဲ့သည်။

“ပျူစခန်းကို စီးနင်းနိုင်ဖို့ တစ်ညလုံးကြိုတင်ပြင်ဆင်ခဲ့ရတယ်။သူတို့ဘက်က ဆလိုက်မီး တွေအချိန်ပြည့် ရမ်းနေတော့ ညလုံးပေါက် စောင့်ပြီး မနက် ၅ နာရီလောက်မှာ စခန်းနားချဥ်းကပ်နိုင်ပြီးပွဲစဖြစ်တာ”ဟု S.R.F တာဝန်ရှိသူက People’s Spring သို့​​ပြောသည်။

နာရီဝက် ခန့်ကြာမြင့်သည့် ပျူစောထီးစခန်း အား စီးနင်းတိုက်ခိုက်မှုကို ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့(S.R.F) တပ်ရင်း(၁)နှင့်တပ် ရင်း(၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပျူစောထီးစခန်းသည် စစ်ကောင်စီ တပ်သားများပါရှိပြီး အင်အား ၄၀ ဝန်းကျင် ဖြင့်သေမသောက်ရွာအတွင်း တပ်စွဲထားခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မင်းကင်းမြို့နယ် သည် ပျူစောထီး များအားကောင်းရာ ဒေသ ဖြစ်ပြီး ၎င်းတို့အားမထောက်ခံသည့် ကျေးရွာ များကို မီးရှို့ခြင်း၊လူသတ်ခြင်း၊ ပစ္စည်းများခိုး ယူခြင်းတို့ကို စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ