Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် တောင်ယာတောဆိပ်ကမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်အား PDFဝင်တိုက်၊ စစ်သားနှင့်ပျူ လေးဦးသေပြီး လက်နက်များပါ သိမ်းဆည်းရမိဟုဆို

ဖြစ်စဥ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက် သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(စစ်ဆေးရေးဂိတ်မှ သိမ်းဆ​ည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်)
(စစ်ဆေးရေးဂိတ်မှ သိမ်းဆ​ည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ် တောင်ယာတောဆိပ်ကမ်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား မင်းကင်း PDFအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ​စစ်သားနှင့်ပျူ လေးဦးသေဆုံးပြီး လက်နက်များပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၁ရက်) မွန်းလွဲပိုင်းက မင်းကင်းမြို့နယ် တောင်ယာတောဆိပ်ကမ်းရှိ စစ်တပ်နှင့်ပျူ စစ်ဆေးရေးဂိတ်အား မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရသွားကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဥ်က ဖော်ပြသည်။

တိုက်ခိုက်ခံရချိန်၌ စစ်သား၊ရဲနှင့်ပျူများ ကြောက် လန့်တကြား ထွက်ပြေးသွားကြပြီး အဆိုပါ ဂိတ်မှ MA-3 တစ်လက်၊ လက်လုပ်အတို သုံးလက်၊ ဖုန်း လေးလုံး၊ ပြည်သူများထံမှ တောင်းယူထားသောပိုက်ဆံ ၈သိန်း၊ ကျည်ကာတစ်ထည်၊ ကျည်ဘောက် သုံးခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက် သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် မင်းကင်းမြို့နယ် လာပို့ဘက်မှထွက် လာသော စစ်ကောင်စီအုပ်စုအား ဒေသခံပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်ကယမန်နေ့ (စက်တင်ဘာ ၂၁ရက်)ကပင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။