Connect with us

Hi, what are you looking for?

သတင်း

ထောင်ဝင်စာပို့ခွင့်ရဖို့ အင်းစိန်ထောင်ရှေ့မှာ တန်းစီစောင့်ဆိုင်းနေရ

ပုံမှန်အားဖြင့် လဆန်းရက်ပိုင်းတွေမှာထောင်ဝင်စာပါဆယ်ပို့သူတွေများလေ့ရှိပြီး ထောင်ဝင်စာပြန်ဖွင့်ပေးချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတာမို့ဒီနေ့မှာ များပြားနေတာလို့ သိရပါတယ်။

ထောင်ဝင်စာပို့ခွင့်ရဖို့ အင်းစိန်ထောင်ရှေ့မှာ တန်းစီစောင့်ဆိုင်းနေရ
ထောင်ဝင်စာပို့ခွင့်ရဖို့ အင်းစိန်ထောင်ရှေ့မှာ တန်းစီစောင့်ဆိုင်းနေရ

ရက်သတ္တပတ် ၂ ပတ်နီးပါး ထောင်ဝင်စာပါဆယ်ပို့တာကို ပိတ်ထားရာကနေ ပြန်ဖွင့်ပြီးနောက် အင်းစိန်ထောင်မှာ ဒီနေ့ ထောင်ဝင်စာ လာပို့သူတွေများပြားလို့ လမ်းမပေါ်ထိပါတန်းစီနေကြရပါတယ်။

ပုံမှန်အားဖြင့် လဆန်းရက်ပိုင်းတွေမှာထောင်ဝင်စာပါဆယ်ပို့သူတွေများလေ့ရှိပြီး ထောင်ဝင်စာပြန်ဖွင့်ပေးချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတာမို့ဒီနေ့မှာ များပြားနေတာလို့ သိရပါတယ်။

ဒါအပြင် ထောင်ဝင်စာ ပါဆယ်တွေကို စစ်ဆေးတာ ၊ ထောင်ဝင်စာ လာပို့သူမိသားစုဝင်တွေကို စစ်ဆေးတာတွေပိုတင်းကြပ်ထားတာကြောင့် အလှည့်ကျဖို့ မိသားစုဝင်တွေဟာ တန်းစီစောင့်ဆိုင်းနေရပါတယ်။

တန်းစီးစောင့်ဆိုင်းနေရတဲ့ လူတန်းဟာ လှိုင်မြစ်လမ်းပေါ် ရှိအင်းစိန် ထောင် ပင်မဝင်ပေါက်ရှေ့ကနေ အင်းစိန်ဈေးရှေ့အထိ ရှိနေတယ်လို့ ထောင်ဝင်စာ သွားပို့သူတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို တန်းစီနေကြသူထဲမှာ မနက်အစောပိုင်း ၆ နာရီဝန်းကျင်ထဲက လာရောက်ကြသူတွေလည်းပါတယ်လို့သိရပါတယ်။

ထောင်ဝင်စာပါဆယ်ကို ပြန်လည်ခွင့်ပြုရာမှာ အချုပ်ကျနဲ့ အကျဉ်းကျ ကို စစ်ကောင်စီက ရက်ခွဲခြားသတ်မှတ်ထားပါတယ်။

အပတ်စဉ် တနင်္လာနေ့ကနေဗုဒ္ဓဟူးနေ့အထိ အချုပ်ကျ ကို ပို့ခွင့်ရမှာဖြစ်ပြီး ကြာသပတေးနေ့ကနေ စနေ့နေအထိ အကျဉ်းကျနေသူတွေကို ပို့ခွင့်ရမှာပါ။

ဒါအပြင်ထောင်ဝင်စာ ပါဆယ်ပို့ရာမှာ မိသားစုဝင်တစ်ဦးတည်းသာခွင့်ပြုမှာဖြစ်ပြီး မိတ်ဆွေတွေ ၊ရှေ့နေတွေကတဆင့် စစ်ကောင်စီက ပို့ခွင့်မပြုပါဘူး။

ထောင်ဝင်စာပါဆယ်လက်ခံတာကို မနက် ၇ နာရီခွဲကနေ နေ့လယ်ပိုင်း ၂ နာရီအထိသာသတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်