Connect with us

Hi, what are you looking for?

သတင်း

PDF ဆီဆေးဝါးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မန္တလေးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီဆက်တိုက်ဖမ်းဆီး

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။

PDF တပ်ဖွဲ့ဝင်တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ အထူးကုဆရာဝန်အချို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကို စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

ကနဦးအနေနဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနရဲ့ CDM ကထိက ဒေါက်တာမင်းဇော်ဦးနဲ့ သူနာပြုအမျိုးသမီး ၄ ဦး ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ပါတယ်။

သူတို့ ၅ ဦးကို ပုလဲ − ဂန့်ဂေါလမ်း မှာ ဆေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ၆ ဘီးကား ဖမ်းမိတာနဲ့ဆက်စပ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီဆေးပစ္စည်းတွေဟာ PDF ကိုထောက်ပံ့တာလို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ မန္တလေးက အထူးကုဆရာဝန်ကြီးအချို့ဆက်လက်အဖမ်းခံခဲ့ရတယ်လို့ မန္တလေး မြေပြင်သတင်းတွေကိုဖော်ပြနေတဲ့ ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ Vomdy က အသိပေးပါတယ်။

Vomdy ရဲ့ဖော်ပြချက်အရ အောက်တိုဘာလ ၃၁ ရက်ပိုင်းမှာ အထူးကု ဆရာဝန်အမျိုးသမီး ၂ ဦး နဲ့ ကျန်းမာရေးဝန်ထမ်း ၂၄ ဦး ထပ်အဖမ်းခံလိုက်ရတယ်လို့သိရပါတယ်။

ဖမ်းခံရသူတွေဟာ ဆရာဝန်တွေနဲ့သူနာပြုတွေအများစုပါတယ်လို့လည်းဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နောက်ထပ် ဖမ်းဆီးတဲ့ သတင်းကို ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။