Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်

ယနေ့(နိုင်ဝင်ဘာ ၅)နံနက် ၈ နာရီ ၅၀ခန့်က တကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်
သပိတ်ကျင်းမြို့နယ် တကောင်းရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ တကောင်းရဲကင်းဂိတ်အား ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ပြောသည်။

ယနေ့(နိုင်ဝင်ဘာ ၅)နံနက် ၈ နာရီ ၅၀ခန့်က တကောင်းလမ်းဆုံရှိ စစ်ကောင်စီရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီမနက်(၈:၅၀)AMအချိန် တကောင်းရဲကင်းစစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ်(ပကဖ) ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ ပဒေသာမိုင်း(၂)ဖြင့်ဖောက် ခွဲခဲ့ပါတယ်ဗျ။ အထိခိုက် တော့မရှိခဲ့ပါဘူး” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရဲကင်းဂိတ်အား ဖောက်ခွဲတိုက်ခိုက်မှုတွင် မဖော်ပြလိုသော အကြောင်းအရာအချို့ကြောင့် ရန်သူ့ဘက်မှ ထိခိုက်မှုမရှိ ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် တော်လှန် ရေးအဖွဲ့အစည်းများက ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာ၍ စစ်ကောင်စီတပ်များနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ