Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနဲ့ခင်ဦးနယ်အစပ်ကို စစ်တပ်ကလေယာဉ် ၆စီးနဲ့ဗုံးကြဲ၊ စစ်ရှောင်တွေ ဒါဇင်နဲ့ချီ သေဆုံး

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

ဒီဇင်ဘာ-၁၇၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲကနေ မြစ်ကမ်းကူးကာ စစ်ရှောင်ဖို့ထွက်ခွာနေတဲ့ ပြည်သူတွေကိုမနက် ၉နာရီကစတင်ကာ တံတားဦးလေတပ်က ဂျက်ဖိုက်တာ ၆စီးနဲ့ အကြိမ်၃၀ကျော် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“သေဆုံး တော်တော်ကိုများတယ်လို့ သိရတယ်။စစ်ရှောင်ထွက် ပြေးနေကြတဲ့ပြည်သူ တွေအများကြီးကို ဆက်တိုက်လိုက်ကြဲနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်တာနက်နဲ့ဖုန်းလိုင်းအခက်အခဲကြောင့် သေဆုံးမှု အတိအကျကို ဒီနေ့ ညနေပိုင်းအထိ မသိသေးပါဘူး။

မနေ့ကလည်း ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ကခရီးသည်ယာဉ်တန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာမို့ သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းအလိုမှာ စစ်ဘေးရှောင်တွေရှိနေတဲ့ ဒေသတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ အရှိန်မြှင့်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။